အီတလီနိုင်ငံတွင် ငလျင်ကြောင့် နှင်းတောင်ပြိုကျ၍ ဟိုတယ်အတွင်းရှိ လူပေါင်း ၃၀အထိ သေဆုံးနိုင်ဖွယ်ရှိ

အီတလီနိုင်ငံတွင် ငလျင်ကြောင့် နှင်းတောင်ပြိုကျ၍ ဟိုတယ်အတွင်းရှိ လူပေါင်း ၃၀အထိ သေဆုံးနိုင်ဖွယ်ရှိ

ဇန်နဝါရီ ၁၉ ။              ။ ဇန်နဝါရီ ၁၉ ရက်တွင် အီတလီနိုင်ငံအလယ်ပိုင်းရှိ တောင်ပေါ်ဟိုတယ်တစ်ခုအပေါ် အင်အားကြီးမားသော နှင်းတောင်ပြိုကျမှုကြောင့်လူပေါင်း ၃၀ခန့်အထိ သေဆုံးသွားနိုင်သော စိုးရိမ်ဖွယ် အနေအထားတစ်ခု ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ပြိုကျမှုဟာ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရသည်။

အီတလီမ အရပ်ဖက်ကာကွယ်ရေး အေဂျင်စီက ရီဂိုပီယာနိုဟိုတယ်ဟာ ခြောက်ပေအထိ ထူထပ်သော ဆီးနှင်းများ ဖုံးအုပ်ဝါးမြိုခြင်းကို ခံခဲ့ရပြီး အဆိုပါနေရာသို့ အရေးပေါ်သူနာပြုယာဉ်များနှင့် တွင်းတူးစက်များ ရောက်ရှိလာဖို့ ရုန်းကန်နေရကြောင်း အတည်ပြု ပြောကြားခဲ့သည်။

အဆိုပါ အေဂျင်စီမှ ပြီးခဲ့သော ဗုဒ္ဓဟူးနေ့မနက်ပိုင်းက အင်အားကြီးမားသော တုန်ခါမှုများ ထိုအရပ်ဒေသတွင် လှုပ်ခတ်ခဲ့ပြီး ဂရန်းဆက်ဆိုတောင်တန်း၏ အရှေ့ဘက်ဆင်ခြေလျှောတွင်ရှိသော အဆိုပါ ဟိုတယ်အတွင်း၌ ဧည့်သည်၃၀ခန့်နှင့် ဝန်ထမ်းများ ရှိနေခဲ့ကြောင်း ပြောခဲ့သည်။

ဒေသတွင်းမီဒီယာများမှ တောင်တက်ကျွမ်းကျင်သော ရဲသားများဟာ ဟိုတယ်နားသို့ စကိတ်များစီးနင်း၍ သို့ မဟုတ် ရဟတ်ယာဉ်စီးနင်း၍ ရောက်လာခဲ့ကာ အလောင်းများကို ထုတ်ဖော် ရှာဖွေနေကြောင်း ပြောခဲ့သည်။

အဆိုပါဆီးနှင်းပြိုကျမှုကြောင့် ဟိုတယ်အဆောက်အဦးဟာမူလနေရာမှ ဆယ်မီတာအကွာအဝေးသို့ရွေ့သွားခဲ့ ပြီး အသက်ရှင်ကျန်ရစ်သောလက္ခဏာများမတွေ့ရသေးကြောင်းသိရသည်။

အရာရှိဖြစ်သူ အန်တိုနီယိုခရော့စက်တာက အဆိုပါပြိုကျမှုကြောင့်သေဆုံးသူအများအပြားရှိခဲ့ကြောင်း ပြောခဲ့ သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly