စုန်းမဟု စွပ်စွဲကာ ခေါင်းဖြတ်သတ်ခဲ့မှုအတွက် လူ ၁၆ ဦးကို အိန္ဒိယဖမ်းဆီး

စုန်းမဟု စွပ်စွဲကာ ခေါင်းဖြတ်သတ်ခဲ့မှုအတွက် လူ ၁၆ ဦးကို အိန္ဒိယဖမ်းဆီး

နယူးဒေလီ၊ ဇူလိုင် ၂၂ ။     ။ စုန်းမဟု စွပ်စွဲကာ ခေါင်းဖြတ်သတ်ခဲ့မှုနှင့် ဆက်နွယ်နေသည့် လူ ၁၆ ဦးကို ဖမ်းဆီးလိုက်ပြီဟု အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားသည်။

အာသံပြည်နယ် ဆိုနစ်ပူရ်ခရိုင်ရှိ လူမျိုးစုအသိုင်းအဝိုင်းတစ်ခုအတွင် နာမကျန်းမှုများအတွက် အပြစ်တင်ခံရသော အသက် ၆၃ နှစ်အရွယ်ရှိ ပူရ်နီအိုရန်ဆိုသည့် အမျိုးသမီးကြီးတစ်ဦးမှာ စုန်းတတ်သည်ဟု စွပ်စွဲခံရပြီးနောက် ရွာသားများက အဝတ်အစားများ ချွတ်ကာခေါင်းဖြတ် သတ်ခဲ့ကြသည်။

အမှုအတွက် ဖမ်းဆီးခံရသူများတွင် အမျိုးသမီး ကိုးဦးပါဝင်သည်။ လွန်ခဲ့သည့် ခြောက်နှစ်အတွင်း လူ ၉၀ နီးပါးမှာ စုန်းတတ် သည်ဟု စွပ်စွဲခံရကာ ခေါင်းဖြတ်သတ်ခံခြင်း၊ အရှင်လတ်လတ်မီးရှို့သတ်ခံရခြင်း၊ ဓါးဖြင့်ထိုးသတ်ခံရခြင်းတို့ကြုံခဲ့ရပြီး ယင်းသို့ သတ်ဖြတ်ခံရသူအများစုမှာ အမျိုးသမီးများဖြစ်သည်ဟု အာသံရှိရဲတပ်ဖွဲ့က ပြောကြားသည်။ အမျိုးသမီးများကို စုန်းတတ်သည်ဟု စွပ်စွဲခြင်းမှာ အာသံပြည်နယ်ရှိ လူမျိုးစုများ၊ လက်ဖက်စိုက်ခင်းလုပ်သားများကြား အထူးတလည်ပျံ့နှံ့လျက်ရှိသည်။

ဆိုနစ်ပူရ်ခရိုင်ရှိ ရွာသားများသည် လွန်ခဲ့သည့် ခုနှစ်နှစ်ကလည်း အခြားအမျိုးသမီးတစ်ဦးကို စုန်းမဟုစွပ်စွဲကာ သတ်ဖြတ်ခဲ့သေး သည်ဟု ရဲတပ်ဖွဲ့ကပြောသည်။ ဖမ်းဆီးထားသူများလွှတ်ပေးရေး ရွာသားတစ်စုက ဒေသခံရဲစခန်းတစ်ခုကို ဆန္ဒပြခဲ့ကြသည်။"

ပူရ်နီဟာ စုန်းမပါ။ သူဟာ သူ့ရန်သူတွေကို ကြိမ်စာတိုက်ပါတယ်။ ဒီလိုမျိုးစုန်းတတ်သူတွေအတွက် နေရာမရှိပါဘူး။ ဒါ့ကြောင့် သူ့ကိုသတ်တာဟာ တရားမျှတပါတယ်"ဟု ရွာသားတစ်ဦးတစ်ဦးဖြစ်သူ ကီရန်တေရွန်ပီက ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ် အောက်တိုဘာလကလည်း အိန္ဒိယအားကစားမယ် ဒက်ဘ်ဂျာနီဘိုရာလည်း အာသံတွင် စုန်းမဟု စွပ်စွဲခံ ပြီးနောက် ပြင်းထန်စွာရိုက်နှက်ခံရသေးသည်။ ယင်းကဲ့သို့တိုက်ခိုက်မှုအချို့မှာ အယူသည်းခြင်းကြောင့်ဖြစ်သည်ဟု ကျွမ်းကျင် သူများက ပြောကြားသော်လည်း အထူးသဖြင့် မုဆိုးမများမှာ ၎င်းတို့၏ မြေယာနှင့် ပိုင်ဆိုင်မှုများအတွက် ပစ်မှတ်ထားခံရသည့် အခါများလည်းရှိသည်ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly