မစ္စရန်ဟီလီနှင့်အဖွဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေး

မစ္စရန်ဟီလီနှင့်အဖွဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေး
(ဓာတ်ပုံ - MOI)

မြန်မာနိုင်ငံကို ၅ ကြိမ်မြောက် လာရောက်လေ့လာတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီနှင့် အဖွဲ့ဟာ ဇန်နဝါရီလ ၁၇ ရက်နေ့က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီသို့ သွားရောက်ကာ တာဝန် ရှိသူများနှင့် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံစဉ် မစ္စရန်ဟီလီက မြန်မာသတင်း မီဒီယာကောင်စီရဲ့ ဆောင်ရွက်နေမှုများနှင့် မြန်မာ့သတင်း မီဒီယာလောကရဲ့ လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အပေါ် သိရှိလိုသည်များကို မေးမြန်းရာ မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်လှထွန်းနှင့် အဖွဲ့ဝင်များက ရှင်းလင်း ပြောကြားခဲ့ပါတယ်။

သတင်း အချက်အလက် ရယူရာတွင် ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ မြန်မာ့ မီဒီယာ လောကရဲ့ အားသာချက်၊ အားနည်းချက်တွေ၊ ရခိုင်ပြည်နယ် ဘူသီးတောင်နှင့် မောင်တောမြို့နယ်တို့မှာ ဖြစ်ပွားခဲ့တဲ့ အရေးကိစ္စနှင့် ပတ်သက်ပြီး သတင်း ရယူရာမှာ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီရဲ့ ပါဝင် ဆောင်ရွက်ခဲ့ရတဲ့ အခန်းကဏ္ဍတို့ကို တွေ့ဆုံစဉ်အတွင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Source: MOI

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly