YBS စတင်ပြေးဆွဲသည့် ဒုတိယနေ့ အခမဲ့ကူညီယာဉ်များ ပိုများပြား

YBS စတင်ပြေးဆွဲသည့် ဒုတိယနေ့ အခမဲ့ကူညီယာဉ်များ ပိုများပြား

ဇန်နဝါရီလ ၁၇ ။         ။ ရန်ကုန်မြို့တွင် အများပိုင်ယာဉ်လိုင်းများ စတင်သည့်ဒုတိယနေ့တွင် အခမဲ့ကူညီသော ယာဉ်များပိုမိုတိုးမြှင့်လိုက်သည်ဟု ကူညီသူ ယာဉ်ပိုင်ရှင်များက ပြောသည်။

ခရီးသည်များ လမ်းကြောင်း သေချာစွာမသိရှိသေးခြင်း၊ ယာဉ်လမ်းကြောင်းအလိုက် အချို့ခရီးစဉ်များတွင် ခရီးသည်စုပြုံနေခြင်းကြောင့် အခမဲ့ကူညီယာဉ်များ ကူညီပြေးဆွဲပေးနေခြင်းဖြစ်သည်ဟု ဆိုသည်။

“ ခရီးသည်တွေ ဒုက္ခရောက်နေတာကို ပြေပြေလည်လည်သွားလာနိုင်အောင် ကူညီပေးနေတာပါ။ တစ်ချို့ယာဉ်လိုင်းတွေ မထွက်သေးတော့ ခရီးသည်တွေ တော်တော်များများ ဒုက္ခရောက်ကြရတယ်” ဟု အခမဲ့ကားကူညီပြေးဆွဲနေသော ကိုဌေးကိုကိုရွှေက ပြောသည်။

လူသွားလူလာများသည့် ရုံးဆင်းချိန်နှင့် ရုံးတက်ချိန်မှားတွင် ခရီးသည်များ မှတ်တိုင်တွင် စုပုံနေမှုကြောင့် အခမဲ့ယာဉ်များမှ မနက် ၆နာရီမှ ည ၁၂ နာရီထိ ပြေးဆွဲပေးနေသည်။

အခမဲ့ယာဉ်များအနေဖြင့် ခရီးသွားပြည်သူများ စနစ်သစ်နှင့် အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ငါးရက်ခန့် ကူညီပေးသွားမည်ဖြစ်သည်ဟု ဆိုသည်။

“ပရဟိတအသင်းတွေဆိုတော့ ကျွန်တော်တို့ကတော့ ရက်အကြာကြီး သိပ်မကူညီနိုင်ဘူး။ ဒီလေး၊ ငါးရက်အတွင်းမှာပဲ ခရီးသွားပြည်သူတွေ အဆင်ပြေသွားလာနိုင်ရင်တော့ကောင်းတာပေါ့” ဟု အခမဲ့ကားကူညီပေးနေသူ Myanmar Honda Fit Club မှ ကိုသန့်စင် ကပြောသည်။

လက်ရှိတွင် အများပိုင် ယာဉ်လိုင်းမှ မနက် ၅ နာရီမှ ည ၉ နာရီအထိ ပြေးဆွဲပေးနေပြီး စနစ်သစ်အဆင်မပြေမှုများရှိပါက သည်းခံရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ ယနေ့ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly