ဥရောပအဖွဲ့ဝင်အဖြစ် တစ်စိတ်တစ်ပိုင်းပါ၀င်ရန် အစီအစဉ်အား ဗြိတိန်ဝန်ကြီးချုပ် ပယ်ချခဲ့

ဥရောပအဖွဲ့ဝင်အဖြစ် တစ်စိတ်တစ်ပိုင်းပါ၀င်ရန် အစီအစဉ်အား ဗြိတိန်ဝန်ကြီးချုပ် ပယ်ချခဲ့

ဇန်နဝါရီ ၁၇ ။                ။ဗြိတိန်ဝန်ကြီးချုပ် သရီစာမေ ဟာ ဥရောပသမဂ္ဂမှဗြိတိန်ထွက်ခွာခြင်းအကြောင်းပြောကြားမည့်မိန့်ခွန်းထဲ၌ ဗြိတိန်ဟာ ဥရောပသမဂ္ဂမှ၎င်းတို့ထွက်ခွာသွားပြီဆိုတာနဲ့ အဖွဲ့ဝင်အဖြစ် တစ်စိတ်တစ်ပိုင်းတောင် ပါဝင်တော့မှာ မဟုတ်ကြောင်းကို ပြောဆိုသွားမှာဖြစ်တယ်လို့ သိရသည်။

ဝန်ကြီးချုပ်ဟာ အခြားဥရောပနိုင်ငံများအား ဗြိတိန်အနေဖြင့်သူတို့နှင့်လွတ်လပ်စွာကုန်သွယ်သွားမည်ဖြစ်သော် လည်း ဥရောပသမဂ္ဂထဲကို တစ်ဝက်ဝင်၊ တစ်ဝက်ထွက်သည့် ပုံစံမျိုးလုပ်ဆောင်သွားမှာ မဟုတ်ကြောင်းကို ပြောကြားသွားမည်ဖြစ်သည်။

သူမ၏ မိန့်ခွန်းထဲ၌ ဗြိတိန်ဟာ ဥရောပသမဂ္ဂ၏ဘုံဈေးကွက်အတွင်းမှ ထွက်ခွာသွားနိုင်ကြောင်းကိုလည်း အရိပ်အမြွက် ထည့်သွင်းပြောကြားသွားမည်ဟု မျှော်လင့်ရသည်။

အစိုးရအနေဖြင့်လည်း မေလအကုန်လောက်တွင်စတင်သွားမည့် ဥရောပသမဂ္ဂမှဗြိတိန်ထွက်ခွာခြင်းဆွေးနွေးပွဲ မှ ၎င်းတို့အာမခံကာကွယ်သွားလိုသည့် အသေးစိတ်အချက်အလက်များကိုလည်း ထုတ်ဖော်ပြောကြားသွား သည်။ အလုပ်သမားများကတော့ မစ္စမေအား ကုန်သွယ်မှုများ အလုပ်ဖြစ်မည့် သဘောတူညီချက်များအတွက် တွန်းအားပေးသွားရန် တိုက်တွန်းခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly