လီဗာပူးလ်နောက်ခံလူ မက်တစ် ခြောက်ပွဲနှင့် အထက်လွဲချော်ဖွယ်ရှိနေ

လီဗာပူးလ်နောက်ခံလူ မက်တစ် ခြောက်ပွဲနှင့် အထက်လွဲချော်ဖွယ်ရှိနေ

ဇန်နဝါရီ ၁၇၊ လီဗာပူးလ်။           ။ လီဗာပူးလ်နောက်ခံလူ ဂျိုရယ်မက်တစ်သည် ပွဲကစားခွင့်နှင့် ပတ်သက်ပြီးအရှုပ်အရှင်းဖြစ်နေ၍ ခြောက်ပွဲနှင့်အထက် လွဲချော်ရဖွယ်ရှိနေသည်။

မက်တစ်သည် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် ကင်မရွန်းအသင်းပဏာမလူစာရင်းတွင်ပါဝင်ခဲ့သော်လည်း ကစားပေးရန် ငြင်းဆန်ခဲ့သည်။

လီဗာပူးလ်အသင်းအတွက် ယခုနှစ်ရာသီတွင် ၁၄ ပွဲကစားထားသည့် အသက် ၂၅ နှစ်အရွယ်ကစားသမားသည် ကင်မရွန်းအသင်းအတွက် ၂၀၁၅ စက်တင်ဘာလက နောက်ဆုံးကစားပေးထားသည်။

နိုင်ငံအသင်းကခွင့်မပြုလျှင် မက်တစ်အနေဖြင့် ကင်မရွန်းအသင်း၏ ပြိုင်ပွဲမပြီးမချင်း လီဗာပူးလ်အသင်းနှင့် ကစားခွင့်ရမည် မဟုတ်ဟု ဖီဖာက ပြောဆိုထားသည်။

အကယ်၍ ကင်မရွန်အသင်း ဖေဖော်ဝါရီ ၅ တွင်ကစားမည့် ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့လျှင် မက်တစ်သည် လီဗာပူးလ်အသင်း ဖေဖော်ဝါရီ ၁၁ တွင် စပါးနှင့်ကစားမည့် ဖေဖော်ဝါရီ ၁၁ ပရီးမီးယားလိဂ်ပွဲအထိ ပါဝင်နိုင်မည်မဟုတ်ပေ။

ဂျာမန်ဖွားကစားသမားအနေဖြင့် ပလိုင်းမောက်နှင့်ကစားရမည့် အက်ဖ်အေဖလား တတိယအဆင့်ပြန်ကန်ပွဲစဉ်၊ ဆွမ်ဆီးနှင့် ပရီးမီးယားလိဂ်ပွဲစဉ်၊ ဆောက်သမ်တန်နှင့် လိဂ်ဖလားဆီမီး ဒုတိယအကျော့ပွဲစဉ်၊ ချယ်လ်ဆီး၊ ဟားလ်စီးတီးတို့နှင့် ပရီးမီးယားလိဂ်ပွဲများကို လွဲရဖွယ်ရှိနေသည်။

နိုင်ငံအသင်းထံမှ သဘောထားကိုရှင်းရှင်းလင်းလင်း သိရခြင်းမရှိသေးသဖြင့် လီဗာပူးလ်အသင်းသည် မန်ချက်စတာယူနိုက်တက် နှင့်သရေကျသည့်ပွဲတွင်လည်း မက်တစ်ကို ချန်လှပ်ထားခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags