YBS ယာဉ်မောင်း၊ ယာဉ်အကူများ ဆက်ဆံရေးမပြေပြစ်ပါက ဓာတ်ပုံမှတ်တမ်းနှင့် တိုင်ကြားနိုင်

YBS ယာဉ်မောင်း၊ ယာဉ်အကူများ ဆက်ဆံရေးမပြေပြစ်ပါက ဓာတ်ပုံမှတ်တမ်းနှင့် တိုင်ကြားနိုင်
ဓာတ်ပုံ-YBS

ရန်ကုန်၊ဇန်နဝါရီ ၁၇ ။            ။ YBS ယာဉ်လိုင်းမှ ယာဉ်မောင်း၊ ယာဉ်အကူများအား လိုအပ်ပါက ခရီးသွားပြည်သူများမှ ဓာတ်ပုံနှင့်တကွ တိုင်ကြားနိုင်သည်ဟု အများပိုင်သယ်ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့( YRTA) မှ ထုတ်ပြန်ထားသည်။

မ.ထ.သမှ အများပိုင်သယ်ယူပို့ဆောင်ရေးစနစ်သို့ ပြောင်းလဲလိုက်ပြီးနောက် ယမန်နေ့( ဇန်နဝါရီ ၁၆ရက်)က စတင်ပြေးဆွဲခဲ့ပြီး  ယခုလိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ခရီးသွားပြည်သူများအပေါ် ရိုင်းစိုင်းစွာ၊ မချေမငံပြောဆိုပြုမူသော၊ သတ်မှတ်နှုန်းထားထက် ကားခပိုမိုတောင်းခံသော ယာဉ်လိုင်းများ၊ ယာဉ်မောင်းများ၊ ယာဉ်အကူများအားတွေ့ရှိပါက ဓာတ်ပုံ၊ မှတ်တမ်းနှင့်တကွ တိုင်ကြားနိုင်သည်” ဟု သိရသည်။

တိုင်ကြားရာတွင် ဖုန်းနံပါတ် ၀၉ ၉၆၇ ၀၁၆ ၁၃၈၊ ၀၉ ၇၇၃ ၅၂၃ ၁၆၆၊ ၀၉ ၄၂၈ ၁၇၉ ၅၄၅၊ ၀၉ ၇၉၁ ၇၇၀ ၂၈၀၊ ၀၉ ၄၂၁ ၀၇၀ ၂၇၂၊ ၀၉ ၄၀၁ ၅၃၃ ၄၅၃၊ ၀၉ ၇၉၆ ၈၄၁ ၄၂၂၊ ၀၉ ၇၈၂ ၈၆၂ ၆၄၁၊ ၀၉ ၂၆၃ ၃၃၂ ၅၆၁၊ ၀၉ ၄၅၂ ၂၇၀ ၁၉၀၊ ၀၉ ၇၇၃ ၀၀၆ ၇၅၇၊ ၀၉ ၇၃၀ ၀၆၇၅၇ သို့ ဆက်သွယ်တိုင်ကြားနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags