YBS မှ ထပ်တိုးယာဉ်လိုင်းအချို့ ပြေးဆွဲနိုင်ခြင်းမရှိသေး

YBS မှ ထပ်တိုးယာဉ်လိုင်းအချို့ ပြေးဆွဲနိုင်ခြင်းမရှိသေး
 မြို့တွင်းသွားရန် ၄၆လမ်း မှတ်တိုင်တွင် ခရီးသွားပြည်သူများ ကားစောင့်ဆိုင်းနေကြစဉ် ။ ဓာတ်ပုံ-မျိုးပြည့်သင်း

ရန်ကုန်၊ဇန်နဝါရီ ၁၇ ။       ။ အများပိုင်သယ်ယူပို့ဆောင်ရေးစနစ် စတင်သည့် ဒုတိယရက်တွင် YBS မှ  ထပ်တိုးယာဉ်လိုင်းအချို့ ပြေးဆွဲနိုင်ခြင်းမရှိသေးကြောင်း ယနေ့ကြေညာထားသည်။

ယမန်နေ့က တိုးလိုက်သော ထပ်တိုးယာဉ်လိုင်းများဖြစ်သည့် လိုင်း ၆၂၊ ၆၃၊ ၆၆၊ ၆၇ တို့ ပြေးဆွဲနိုင်ခြင်းမရှိဟု ယနေ့ ဇန်နဝါရီလ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာထားပြီး ၆၂ မှာ ဒဂုံတောင်-လှော်ကား-ဇဝနလမ်းကြောင်း၊ ၆၃ လိုင်းမှာ စံပြဈေးမှ ပုဇွန်တောင်-သံလျှက်စွန်းအထိ၊ ၆၆ လိုင်းမှာ ၇/၈ လမ်းဆုံမှ အောင်မင်္ဂလာအဝေးပြေး၊ ၆၇ လိုင်းမှာ ညောင်ရွာ၊ ပန်းလှိုင်လမ်းမှ ဆိပ်ကမ်းသာလမ်း-ညောင်ရွာအထိ ပြေးဆွဲမည် ဖြစ်သည်။ ယမန်နေ့က မထွက်ရှိခဲ့သော လိုင်း ၅၇ ယာဉ်လိုင်းမှာမူ ကား အစီး ၂၀ ဖြင့် ယနေ့ စတင်ပြေးဆွဲနေပြီဖြစ်သည်။

မော်တော်ယာဉ် မလုံလောက်သော လိုင်းများတွင်လည်း စေတနာ့ဝန်ထမ်းကားများဖြင့် အခမဲ့ပြေးဆွဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု YBS မှ ထုတ်ပြန်ထားသည်။

ယခင်အများပိုင်သယ်ယူပို့ဆောင်ရေးစနစ်တွင် ပြေးဆွဲမည့် ကားလိုင်း ၅၈ လိုင်းဟု ထုတ်ပြန်ထားရာမှ လိုအပ်ချက်အရ ကားလိုင်း ၇၀ ထိ ယမန်နေ့က တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly