ပျောက်ဆုံး MH ၃၇၀ လေယာဉ်အား ရှာဖွေမှု ရပ်ဆိုင်း

ပျောက်ဆုံး MH ၃၇၀ လေယာဉ်အား ရှာဖွေမှု ရပ်ဆိုင်း

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၁၇ ။            ။ ပျောက်ဆုံးသွားသည့် MH370 အား ပင်လယ်အတွင်း ရှာဖွေမှု လုပ်ဆောင်နေခြင်းအား ရပ်ဆိုင်းပြီဖြစ်ကြောင်း သြစတြေးလျ၊ မလေးရှားနှင့် တရုတ်အစိုးရတို့က ဇန်နဝါရီ ၁၇ ရက်တွင် ပြောသည်။

၂၀၁၄ မတ် ၈ ရက်က မလေးရှားလေကြောင်းလိုင်းမှအဆိုပါ လေယာဉ်သည် ကွာလာလမ်ပူမှ ပေကျင်းသို့ ခရီးသည်နှင့် အမှုထမ်း၂၃၉ ဦးဖြင့် ဦးတည်ပျံသန်းသည့် လမ်းကြောင်းတွင်   ပျောက်ကွယ်ခဲ့ခြင်းဖြစ်သည်။

ရှာဖွေရေးဧရိယာဖြစ်သော အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းရှိ ရေပြင် စတုရန်းကီလိုမီတာ ၁၂၀၀၀၀ အတွင်း လေယာဉ် ရှိမနေကြောင်း သုံးနိုင်ငံ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“လက်ရှိအထိ လေယာဉ် ရှိနေနိုင်တဲ့ နေရာနဲ့ ပတ်သက်ပြီး သတင်းသစ်မရဘူး။ ဒါကြောင့် MH370 လေယာဉ်အတွက် ရေအောက်ရှာဖွေရေးလုပ်ငန်းစဉ် ရပ်ဆိုင်းပါတယ်။”ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly