နှစ်သစ်ကူးည အစ္စတန်ဘူလ်နိုက်ကလပ် တိုက်ခိုက်မှု၌ သံသယရှိသူအား ဖမ်းမိ

နှစ်သစ်ကူးည အစ္စတန်ဘူလ်နိုက်ကလပ် တိုက်ခိုက်မှု၌ သံသယရှိသူအား ဖမ်းမိ

အစ္စတန်ဘူလ်၊ ဇန်နဝါရီ ၁၇ ။                 ။ တူရကီနိုင်ငံ အစ္စတန်မြို့တွင်း နှစ်သစ်ကူးညက ဖြစ်ပွားသော လူ ၃၉ ဦး သေဆုံးသည့် နိုက်ကလပ်တစ်ခုအား တိုက်ခိုက်မှု၌ ကျုးလွန်သည်ဟု သံသယရှိသူ ဂျီဟတ်ဝါဒီတစ်ဦးကို ရဲတပ်ဖွဲ့၏ ရေရှည်ခြေရာခံကာ ဝင်ရောက်စီးနင်းမှုတစ်ရပ်တွင် ဖမ်းဆီးရမိသည်။

ရဲတပ်ဖွဲ့၏ အကြီးစားစစ်ဆင်ရေး ဆောင်ရွက်ပြီးနောက် အစ္စတန်ဘူလ်ခရိုင် အီဆန်ယက်အရပ်ရှိ တိုက်ခန်းတစ်ခန်းတွင် ၎င်းဂျီဟတ်ဝါဒီအား ၎င်း၏ လေးနှစ်အရွယ်သားငယ်နှင့်အတူ  တွေ့ရှိခြင်း   ဖြစ်ကြောင်း နိုင်ငံပိုင် TRT ရုပ်သံက ထုတ်လွှင့်သည်။

အဆိုပါ ဂျီဟတ်တိုက်ခိုက်ရေးသမားက ဘိုစဖောရပ်စ်အရပ်ရှိ ရိန်နာနိုက်ကလပ်တွင် တိုက်ခိုက်မှုပြီးနောက် သီတင်းနှစ်ပတ်ကျော်ကြာ တိမ်းရှောင်ပုန်းအောင်းနေနိုင်ခဲ့ခြင်းဖြစ်သည်။

အစောပိုင်းသတင်းများတွင် နယ်စပ်လုံခြုံရေးများ တင်းကျပ်စွာ ချထားခြင်းကြောင့် နိုက်ကလပ်တိုက်ခိုက်မှု ကျုးလွန်သူအနေဖြင့် ထွက်ပြေးတိမ်းရှောင်ဖို့ မဖြစ်နိုင်ကြောင်း ဖော်ပြခဲ့ကြသည်။

နိုက်ကလပ်တိုက်ခိုက်မှုနှင့် ပတ်သက်ကာ အိုင်အက်စ်အဖွဲ့က ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ပထမဆုံးအဖြစ် တာဝန်ခံ ကြေညာခဲ့သည်။

ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက ဖြစ်ပွားသော အစ္စတန်ဘူလ်လေဆိပ် အသေခံဗုံးခွဲမှု သုံးကြိမ်ကျုးလွန်ခံရခြင်း အပါအဝင် တိုက်ခိုက်မှုအချို့အတွက် အိုင်အက်စ်အဖွဲ့အား အပြစ်တင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly