ဂွာတာနာမို အကျဉ်းစခန်းမှ လွှတ်ပေးလိုက်သော အကျဉ်းသား ၁၀ဦးအား အိုမန်နိုင်ငံမှ လက်ခံရရှိ

ဂွာတာနာမို အကျဉ်းစခန်းမှ လွှတ်ပေးလိုက်သော အကျဉ်းသား ၁၀ဦးအား အိုမန်နိုင်ငံမှ လက်ခံရရှိ

ဇန်နဝါရီ ၁၆ ။                      ။ အိုမန်နိုင်ငံမှ ၎င်းတို့ဟာ ကျူးဘားနိုင်ငံဂွာတာနာမို ပင်လယ်အော်ရှိ အမေရိကန်စစ်ဘက် ထိန်းသိမ်းရေးစခန်းမှ လွှတ်ပေးလိုက်သော အကျဉ်းသားဆယ်ဦးကို လက်ခံရရှိခဲ့ကြောင်း ကြေညာခဲ့သည်။

အိုမန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမေရိကန်ပြည်ထောင်စုရဲ့ မေတ္တာရပ်ခံချက်ကို တုံ့ပြန်သည့်အနေနှင့်ရော ထို အကျဉ်းသားများအား လူသားချင်းစာနာရမည့် အခြေအနေအတွက်ပါ ယခုလို စာနာထောက်ထားသည့် အပြုအမူ တစ်ခုဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ပြောခဲ့သည်။

ထိုကြေညာချက်ထဲတွင် နိုင်ငံနှင့်လူမျိုးကို ထုတ်ဖော်ပြောကြားထားခြင်း မရှိသည့် လွှဲပြောင်းပေးလိုက်သော အကျဉ်းသားဆယ်ဦးကို အိုမန်နိုင်ငံတွင် ယာယီနေထိုင်ခွင့်ပြုမည်  ဖြစ်ကြောင်း   ပြောကြားခဲ့သည်။

ယခုလိုဆောင်ရွက်ချက်ဟာ အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ သမ္မတရာထူးရှိနေစဉ် နောက်ဆုံးကာလ တွင် ပြုလုပ်လိုက်သည့် ရွှေ့ကွက်တစ်ခုဖြစ်သည်။

အိုဘားမားဟာ ၂၀၀၈ခုနှစ်တုန်းက သမ္မတရာထူးအတွက် မဲဆွယ်စည်းရုံးရေး ပြုလုပ်စဉ်၌ ထိုရှုပ်ထွေးလှသော ထိန်းသိမ်းရေးစခန်းကြီးကို ပိတ်ပစ်မည်ဖြစ်ကြောင်း ကတိပေးခဲ့ဖူးသည်။

သူပြောခဲ့သည့်အတိုင်း မပိတ်နိုင်ခဲ့သော်လည်း ထိုအကျဉ်းစခန်းအတွင်းမှ အကျဉ်းသားဦးရေများအား တတ်နိုင် သလောက် လျှော့ချနိုင်ခဲ့သည်။

ယခုနောက်ဆုံးအကြိမ် လွှဲပြောင်းမှုအရ အကျဉ်းစခန်းထဲတွင် ထိန်းသိမ်းထားသည့် အကျဉ်းသားဦးရေဟာ အယောက်၅၀ထက်ကို နည်းပါးသွားပြီဖြစ်ပြီး ဂျော့ဘုရှ်၏ရာထူးကို လက်ခံခဲ့စဉ်ကာလတုန်းက အကျဉ်းသားဦးရေ ၂၄၂ယောက်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါလျှင် သိသိသာသာ လျော့နည်းသွားပြီဖြစ်သည်။

အရွေးချယ်ခံသမ္မတသစ် ဒေါ်နယ်ထရမ့်ကတော့ ယခုလိုလွှတ်ပေးနေခြင်းများအား ထပ်မလုပ်တော့ဘဲ ရပ်တန့် ထားရန် တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly