အင်တာနက်သုံးသူ ဦးရေ ၁၅ သိန်း၏ အချက်အလက်များ နေ့စဉ်ခိုးယူခံနေရ

အင်တာနက်သုံးသူ ဦးရေ ၁၅ သိန်း၏ အချက်အလက်များ နေ့စဉ်ခိုးယူခံနေရ

ကမ္ဘာပေါ်က အင်တာနက်သုံးသူ ဦးရေ ၁၅ သိန်းလောက်ဟာ သူတို့ရဲ့ ကိုယ်ရေး ကိုယ်တာ အချက်အလက်တွေကို ခိုးယူခံနေရပြီး အွန်လိုင်း ရာဇဝတ်မှု (Cyber Crime) ကို ကျူးလွန်သူတွေရဲ့ သားကောင် ဖြစ်နေကြရပါတယ်။

အွန်လိုင်း ရာဇဝတ်မှု (Cyber Crime) ကို ကျူးလွန်သူတွေ ရရှိတဲ့ ဝင်ငွေဟာ မူးယစ်ဆေး ကုန်ကူးသူတွေထက်တောင် များပြားပါတယ်။ Cyber Crime ကျူးလွန်သူတွေဟာ ဂိမ်း လင့်တွေ၊ အင်တာနက် ဝက်ဆိုဒ်တွေကနေ Link အတု ၄၃ သန်းလောက် ပို့လွှတ်ပြီး အင်တာနက် အသုံးပြုသူတွေရဲ့ လျှို့ဝှက် အချက်အလက်တွေကို ထောက်လှမ်းပါတယ်။

ရရှိတဲ့ အချက်အလက်ပေါ်မူတည်ပြီး သုံးစက္ကန့်အတွင်း နိုင်ငံကူးလက်မှတ်အတု၊ ကားမောင်း လိုင်စင်အတု စတာတွေကို ဖန်တီးပြုလုပ်နိုင်ပါတယ်။ ဒီလို အတုတွေလုပ်ပြီး ရရှိတဲ့ငွေဟာ တစ်လကို အမေရိကန်ဒေါ်လာ ၂၂၀၀၀ လောက်ရှိပါတယ်။

တရားမဝင်ဈေးကွက်မှာ ရောင်းချနေတဲ့ အကြွေးဝယ်ကဒ်ဟာ ၂ ဒေါ်လာလောက်နဲ့ ဝယ်နိုင်ပါတယ်။ အကြွေးဝယ်ကဒ် အတုကိုသုံး ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ဒေါ်လာ ၇၀၀ အကြွေးဝယ်နိုင်ပါတယ်။ ဒီလိုမျိုး ကဒ်အတုတွေကိုလည်း Cyber Crime ကျူးလွန်သူတွေ လုပ်လေ့ရှိပါတယ်။

ဒါ့အပြင် စမတ်ဖုန်း အသုံးပြုသူ တွေဟာလည်း Cyber Crime ကျူးလွန်သူတွေရဲ့ ပစ်မှတ်တွေ ဖြစ်နေတတ်ပြီး အချက်အလက်တွေ ခိုးယူနိုင်တဲ့ Malware  ပေါင်းကလည်း  ၂၈၀၀၀၀ ရှိနေပါတယ်။ ကမ္ဘာ့နိုင်ငံကြီးတွေမှာတော့ Cyber Law ပြဋ္ဌာန်းထားပြီး ကျူးလွန်သူတွေကို အပြစ်ပေးနိုင်ဖို့ စီမံထားပါတယ်။ မြန်မာနိုင်ငံမှာတော့ Cyber Police Development ဆိုတဲ့ အွန်လိုင်းဆိုင်ရာ ရာဇဝတ်မှုတွေကို တိုက်ဖျက်နိုင်ဖို့ ရဲတပ်ဖွဲ့ ဖွဲ့စည်းထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly