ချန်ပီယံလုပွဲမှ မန်စီးတီး ထွက်ခွာရပြီဟု နည်းပြ ဂွါဒီယိုလာပြော

ချန်ပီယံလုပွဲမှ မန်စီးတီး ထွက်ခွာရပြီဟု နည်းပြ ဂွါဒီယိုလာပြော

ဇန်နဝါရီ ၁၆၊ အင်္ဂလန် ။           ။ ဂွတ်ဒီဆင်ပါ့ခ်ကွင်းတွင် အဲဗာတန်အသင်းကို ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီးနောက် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ၎င်းတို့အသင်းမှာ ချန်ပီယံလုပွဲမှ ထွက်ခွာခဲ့ရပြီ ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

အဲဗာတန်ကို ၄ ဂိုးပြတ်ရှုံးခဲ့ရခြင်းသည် နည်းပြဂွါဒီယိုလာ၏နည်းပြသက်တမ်းတစ်လျှောက် ဂိုးအပြတ်ဆုံးရှုံးပွဲဖြစ်ခဲ့ရသလို ထိုပွဲတွင် ရှုံးနိမ့်ခဲ့မှုကြောင့် မန်စီးတီးအသင်းသည် အမှတ်ပေးဇယားထိပ်ဆုံးမှ ချယ်လ်ဆီးအသင်းနှင့် ၁၀ မှတ်အထိကွာဟသွားခဲ့ပြီ ဖြစ်သည်။

ရမှတ် ၁၀ မှတ်ကွာဟမှုမှာ အလွန်များပြားကြောင်းနှင့် ဆိုးရွားသည့်အခြေအနေတွင် အသင်းသားများအနေဖြင့် စည်းလုံးညီညွတ်ကြရန် ဂွါဒီယိုလာက အဲဗာတန်နှင့်ပွဲအပြီးတွင် ပြောဆိုခဲ့သည်။

'ရာသီအဆုံးမှာတော့ ကျွန်တော်တို့ ဘယ်လိုကစားခဲ့တယ်။ နည်းပြက ဘယ်လို ကစားသမားတွေက ဘယ်လို ဆိုပြီး ကျွန်တော်တို့ရဲ့ အဆင့်အတန်းကို တန်ဖိုးဖြတ်နိုင်ပါလိ့်မ်မယ်။ အဲ့ဒါပြီးရင် ဘာလုပ်ရမလဲဆိုတာ ဆုံးဖြတ်နိုင်မှာပါ' ဟု ဂွါဒီယိုလာက ပြောဆိုခဲ့သည်။

လက်ရှိတွင် မန်စီးတီးအသင်းသည် အဆင့်လေးမှ အာဆင်နယ်အသင်းနှင့် ၂ မှတ်ကွာဟနေသော်လည်း နည်းပြဂွါဒီယိုလာက မန်ချက်စတာတွင် ပျော်ရွှင်ကြောင်း ပြောဆိုထားသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly