မုံရွာသတင်းထောက်အသတ်ခံရမှု သံသယရှိသူနှစ်ဦးအား ဒုတိယအကြိမ်ပြန်လွှတ်

မုံရွာသတင်းထောက်အသတ်ခံရမှု သံသယရှိသူနှစ်ဦးအား ဒုတိယအကြိမ်ပြန်လွှတ်

မုံရွာ၊ ဇန်နဝါရီ ၁၆။      ။ ဒီဇင်ဘာ ၁၂ ရက်ညပိုင်းက အသတ်ခံခဲ့ရသော မုံရွာသတင်းထောက် ကိုစိုးမိုးထွန်းအမှုအတွက် ဖမ်းဆီးစစ်ဆေးနေသော သံသယရှိသူနှစ်ဦးအား ဇန်နဝါရီ ၁၆ ရက်က ပြန်လွှတ်ပေးခဲ့သည်။

ရမန်ယူကာ ဖမ်းဆီးစစ်ဆေးနေသော KTV ဝန်ထမ်းနှစ်ဦးအား သံသယဖြစ်ဖွယ်ရာမတွေ့ရှိရ၍ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ၄ ပတ်ကြာ ရမန်ယူ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၉ ရက်မှ ဇန်နဝါရီ ၂ ရက်နေ့ထိ ပထမရမန်ယူကာ စစ်ဆေးခဲ့ပြီး ဒုတိယရမန်အား ဇန်နဝါရီ ၁၆ ရက်နေ့ထိ ထပ်မံရမန်ယူခဲ့ခြင်းဖြစ်သည်။

 "ကျင့် ၁၆၉ နဲ့အညီ လွှတ်လိုက်တယ်။ အမှုနဲ့ငြိစွန်းခြင်းမရှိလို့ပြန်လွှတ်လိုက်တာပါ "ဟု မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့်က မဇ္ဈိမသို့ ပြောသည်။

ထို့ပြင် ဇန်နဝါရီ ၂ ရက်နေ့က အခြား သံသယရှိသူတစ်ဦးအား ဖမ်းဆီးစစ်ဆေးခဲ့ပြီး ယနေ့ရမန်ပြည့်သည့်အတွက် ဇန်နဝါရီ ၃၀ ရက်နေ့ထိ ထပ်မံရမန်ယူခဲ့ကြောင်း ၎င်းက ပြောသည်။

မုံရွာမြို့၏ Eleven သတင်းထောက် ကိုစိုးမိုးထွန်းသည် ဒီဇင်ဘာ ၁၂ ရက် မုံရွာဂေါက်ကွင်းအနီး၊ ပြည်ထောင်စုလမ်းတွင် အသတ်ခံလိုက်ရပြီး တစ်လကျော်ကြာမြင့် သည်အထိ တရားခံဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly