ဂင်္ဂါမြစ်ကမ်းတွင် ဟိန္ဒိူကောက်ရိတ်သိမ်းပွဲတော်အပြန် လူအုပ်ပြိုမှုဖြစ်၍ အမျိုးသမီး ခြောက်ဦးသေဆုံး

ဂင်္ဂါမြစ်ကမ်းတွင် ဟိန္ဒိူကောက်ရိတ်သိမ်းပွဲတော်အပြန် လူအုပ်ပြိုမှုဖြစ်၍ အမျိုးသမီး ခြောက်ဦးသေဆုံး

နယူးဒေလီ၊ ဇန်နဝါရီ ၁၆ ။           ။ အိန္ဒိယနိုင်ငံတွင် ဟိန္ဒိူပွဲတော်တစ်ရပ်မှ ပြန်လာကြသောလူများက ဂင်္ဂါမြစ်ကမ်းနားတွင် လူအုပ်ပြိုမှုဖြစ်ရာမှ အမျိုးသမီး ခြောက်ဦးသေဆုံးသည်။

အနောက်ဘန်ဂေါရှိ ဂန်ဂျာဆာဂါမြို့တွင် ဖြစ်ပွားခြင်းဖြစ်ကာ နှစ်ရက်တာ ကောက်ရိတ်သိမ်းပွဲမှ အပြန် လူများက ဆိပ်ခံတံတားတစ်ခု၌ အလုအယက်တိုးဝှေ့ရာမှ ယခုလိုသေဆုံးမှုဖြစ်ပွားခြင်းဖြစ်သည်။

ဒဏ်ရာရသူမှာ ၁၀ ဦးရှိပြီး ကယ်ဆယ်ရေးသမားများက မြစ်ထဲ ကျသွားသူများကို ရှာဖွေကြသည်။

ယခုဖြစ်ရပ်က မြစ်ညာတွင် လှေတစ်စီး မှောက်၍ လူပေါင်း ၂၄ ဦး သေဆုံးပြီး တစ်ရက်အတွင်း ဖြစ်ပွားခြင်းလည်း ဖြစ်သည်။

ဘိုင်ရှာပြည်နယ် ပတ်တနာမြို့တွင် ကောက်ရိတ်သိမ်းပွဲတော် အထိမ်းအမှတ် စွန်လွှတ်ပြိုင်ပွဲကို ကြည့်ကြသည့်သူများက ကူးတို့လှေသင်္ဘောဖြင့် အပြန် ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းတွင် ယခုလူအုပ်ပြိုမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

လူနှစ်ဆယ်ခန့်ကမူ ကမ်းရောက်အောင် ကူးခပ်နိုင်ကြောင်း၊ ရှစ်ဦးကို ကယ်ဆယ်ပြီး ဆေးရုံတင်ပို့ခဲ့ရကြောင်း ဘိုင်ရှာပြည်နယ် သဘာဝဘေးစီမံခန့်ခွဲရေးဝန်ကြီး ချိန်ဒရာက ရိုက်တာသို့ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly