ရွှေ့ပြောင်းဝင်ရောက်သူများကို ခွင့်ပြုခြင်းဖြင့် မာကယ်လ်က တကယ့်အမှားကြီး ကျုးလွန်ဟု ဒေါ်နယ်ထရမ့်ပြော

ရွှေ့ပြောင်းဝင်ရောက်သူများကို ခွင့်ပြုခြင်းဖြင့် မာကယ်လ်က တကယ့်အမှားကြီး ကျုးလွန်ဟု ဒေါ်နယ်ထရမ့်ပြော

နယူးယောက်၊ ဇန်နဝါရီ ၁၆  ။                      ။ ရွှေ့ပြောင်းဝင်ရောက်သူ တစ်သန်းအား ခိုလှုံခွင့်ပေးခြင်းဖြင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာယ်လ်က တကယ်အမှားကြီးကို ကျုးလိုက်လိုက်သည်ဟု အမေရိကန်ရွေးကောက်ခံ သမ္မတ  ဒေါ်နယ်ထရမ့်က ပြောသည်။

ဥရောပအရေးတွင် မာကယ်လ်က အရေးကြီးသည့် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဥရောပအနေဖြင့်လည်း ဂျာမနီက အခရာကျနေကြောင်း ထရမ့်က ဆိုသည်။

ဗြိတိန်နှင့် ဂျာမနီသတင်းစာများနှင့် အင်တာဗျူးရာတွင် ထရမ့်က ၎င်း၏ နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်ကာ အသေးစိတ်ပြောဆိုခဲ့သည်။

Times နှင့် Bild သတင်းစာများကို ထရမ့်က ပြောရာ၌ အမေရိကန်အတွက် မျှတသောကုန်သွယ်ရေးသဘောတူညီမှုများကို ဖန်တီးမည်ဖြစ်ကာ နယ်စပ်ကို ပိုမိုတင်းကြပ်မည်ဖြစ်ကြောင်း ပြောသည်။

အမေရိကန်အနေဖြင့် ကျန်နိုင်ငံများနှင့် အထူးသဖြင့် တရုတ်နှင့် ကုန်သွယ်ရေးလိုငွေပြမှုကို ဖြေရှင်းသွားရမည်ဖြစ်ကြောင်းလည်း ပြောသည်။

၎င်း၏ အစိုးရအနေဖြင့် လွတ်လပ်သောကုန်သွယ်ရေးထက် သင့်တော်သောကုန်သွယ်ရေးကို ကျင့်သုံးသွားရမည်ဖြစ်ကြောင်း အလေးအနက်ဆိုသည်။

ရုရှနှင့် ပတ်သက်၍ မေးမြန်းရာတွင် နျူကလီးယားလက်နက်ကိစ္စက အဓိကကျနေပြီး တော်တော်များများ လျှော့ချသွားဖို့ရှိကြောင်းနှင့် ဒဏ်ခတ်ပိတ်ဆို့မှုကိုလည်း ရုပ်သိမ်းဖို့ စဉ်းစားရမည်ဖြစ်ကြောင်း   ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly