မြိတ်မြို့ မြို့လယ်ခေါင် ဂျပန်သင်္ချိုင်းဟောင်းနေရာ လက်ရာမပျက် ထိန်းသိမ်းသွားမည်

မြိတ်မြို့ မြို့လယ်ခေါင် ဂျပန်သင်္ချိုင်းဟောင်းနေရာ လက်ရာမပျက် ထိန်းသိမ်းသွားမည်

မြိတ်၊ ဇန်နဝါရီ - ၁၅ ။          ။ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၊ တပ်ပြင်ရပ်ကွက်ရှိ ဂျပန်သင်္ချိုင်းဟောင်းနေရာအား  တိုင်းဒေသကြီးအစိုးရမှ ပြုပြင်ထိန်းသိမ်းသွားရန်ရှိနေပြီး လက်ရာမပျက် ထိန်းသိမ်းသွားမည်ဟု သိရသည်။  

ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်က တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂျပန်သင်္ချိုင်းဟောင်းနေရာသို့ သွား ရောက်ကြည်ရှုခဲ့ပြီး ဂျပန်လူမျိုးများလာရောက်လေ့လာနိုင်ရန်အတွက် ထိန်းသိမ်းပြုပြင်ရန် မှာကြားမှုရှိခဲ့ကြောင်း မြိတ်မြိ့ုနယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးမြတ်ကိုကိုက ပြောသည်။

“ တစ်ပတ်အတွင်း မူလလက်ရာမပျက် ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။ ဂျပန်သင်္ချိုင်းဆိုတဲ့စာသားကိုလည်း ဂျပန်ရော မြန်မာရောနှစ်ခုပေါင်းပြီး ဆောင်ရွက်သွားမယ်။ သင်္ချိုင်းအတွင်းက အခြေအနေကို မူလအတိုင်း မရွှေ့မပြောင်းဘဲ လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တိုင်းဒေသကြီးအစိုးရဘတ်ဂျက်ဖြင့် မူလအခြေအနေအတိုင်း လက်ရာမပျက် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရပြီး  ဂျပန်သင်္ချိုင်း၏ မူလမြေဧရိယာမှာ ယခင်က ၀ ဒဿမ ၈၃ ဧကရှိပြီး ၊ ယခု ၀ ဒဿမ ၄၃ ဧကသာရှိ တော့သည်။

ဂျပန်သင်္ချိုင်းနှင့် ကပ်လျက်ရှိသည့် အစ္စလာမ်ဘာသာဝင်များ၏ ဂရန်ပေါက်သင်္ချိုင်းမှာ ပြုပြင်ခွင့် မရသေးကြောင်း ဒေသခံတစ်ချို့က ပြောခဲ့ပြီး ၁၉၁၂ ခုနှစ်ကတည်းက ဦးရွှေမြဆိုသူပိုင် ဆိုင်ခဲ့သည့်   မြေနေရာထဲမှ ၅ ဧကကို သင်္ချ ိုင်းမြေအဖြစ် ရီဂျစ်စတာနံပတ် ၆၈၈ ဖြင့် လှူဒါန်းထားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly