အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအားဖြေရှင်းရန် ကမ္ဘာ့ထိပ်သီးညီလာခံတစ်ခု ပြင်သစ်နိုင်ငံတွင် ကျင်းပ

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအားဖြေရှင်းရန် ကမ္ဘာ့ထိပ်သီးညီလာခံတစ်ခု ပြင်သစ်နိုင်ငံတွင် ကျင်းပ

ဇန်နဝါရီ ၁၅ ။           ။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် အစ္စရေးနှင့်ပါလက်စတိုင်းတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် နိုင်ငံတကာ ထိပ်သီးညီလာခံကြီးတစ်ခုကို ရုတ်ခြည်းကျင်းပနေသည်။

နိုင်ငံပေါင်း၇၀မှကိုယ်စားလှယ်များဟာ နှစ်နိုင်ငံကြားရှိ ဆယ်စုနှစ်များစွာကြာဖြစ်ပွားလာခဲ့သော ပဋိပက္ခများကို ဖြေရှင်းဖို့နှင့် အကူအညီပေးဖို့အတွက်ကို ထပ်လောင်းအတည်ပြုရန် ရောက်ရှိလာခဲ့ကြသည်။

ပါလက်စတိုင်းတို့ဘက်က ထိုညီလာခံကြီးကို  ကြိုဆိုလက်ခံသော်လည်း အစ္စရေးတို့ဘက်က တက်ရောက်ခဲ့ခြင်း မရှိသလို ထိုညီလာခံကြီးဟာ သူတို့ကိုဆန့်ကျင်ဖို့ ကလိမ်ကျထားသော ပွဲတစ်ခုဖြစ်ကြောင်း ပြောခဲ့သည်။

၂၀၁၄ ဧပြီလတွင် နောက်ဆုံးအကြိမ်ကျင်းပခဲ့သော တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲတုန်းက နှစ်ဖက်ကြား အဆင်မပြေမှု၊ အမျက်ဒေါသထွက်မှုများသာရှိခဲ့ပြီး ပျက်ပြားခဲ့ရသည်။

အစ္စရေးနှင့် ပါလက်စတိုင်းတို့နှစ်ဘက်စလုံးအား ယခုညီလာခံတွင်ကိုယ်တိုင် မပါဝင်၍ရသော်လည်း ညီလာခံ၏ သုံးသပ်ချက်ကိုတော့ကြားနာကြရန် နှစ်ဘက်စလုံးအားကမ်းလင့်ခဲ့သည်။

ထိုညီလာခံဟာ အစ္စရေးနိုင်ငံနှင့်နိုင်ငံတကာအသိုင်းအဝိုင်းကြား တင်းမာမှုများ မြင့်တက်နေသောအချိန်၌ကျင်းပ နေခြင်းဖြစ်သည်။   ပြီးခဲ့သောလကအစ္စရေးနိုင်ငံမှ သိမ်းပိုက်ထားသော နယ်မြေပေါ်၌ အခြေချနေထိုင်ရန်ပြုလုပ်နေ ခြင်းကို ကမ္ဘာ့ကုလသမဂ္ဂက လူသိရှင်ကြားရှုံ့ချခဲ့မှုကြောင့် ယခုလိုတင်းမာမှုရှိနေခြင်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly