တရုတ်သို့မပြောင်းရွှေ့ရန် ဒီယေဂိုကော်စတာကို ချယ်လ်ဆီးအသင်းဖော်များတိုက်တွန်း

တရုတ်သို့မပြောင်းရွှေ့ရန် ဒီယေဂိုကော်စတာကို ချယ်လ်ဆီးအသင်းဖော်များတိုက်တွန်း

ဇန်နဝါရီ ၁၅၊ အင်္ဂလန် ။             ။ တရုတ်စူပါလိဂ်သို့ မပြောင်းရွှေ့ဘဲ အသင်းတွင်သာ ဆက်နေရန် ဒီယေဂိုကော်စတာကို ချယ်လ်ဆီးအသင်းဖော်များက တိုက်တွန်းပြောဆိုလိုက်သည်။

ဒီယေဂိုကော်စတာသည် လေ့ကျင့်ရေးကွင်းတွင် ကြံ့ခိုင်ရေးနည်းပြနှင့် ပြဿနာဖြစ်ပွားရာမှ နည်းပြကွန်တီနှင့်ပါ ကတောက်ကဆ ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ချယ်လ်ဆီးအသင်းက လက်စတာကို ဝ-၃ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် အသင်း၏ လူစာရင်းမှ ချန်လှပ်ခံခဲ့ရသည်။

ယခုအချိန်တွင် တရုတ်စူပါလိဂ်ကလပ်အသင်းတစ်သင်းဖြစ်သော တီယန်ဂျင်းအသင်းက ကော်စတာကို တစ်နှစ်လစာငွေ ပေါင်သန်း ၃၀ ဖြင့် ကမ်းလှမ်းမှုလည်း ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ထို့ကြောင့် ချယ်လ်ဆီးအသင်းက ကွန်တီနှင့်ကော်စတာတို့၏ ပြဿနာ အမြန်ဆုံးပြေလည်ပြီး လာမည့် ဟားလ်စီးတီးနှင့်ပွဲစဉ်တွင် ကော်စတာပြန်လည် ပါဝင်လာရန် မျှော်လင့်နေသည်။

ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်အနေဖြင့်လည်း ယခုကဲ့သို့ အသင်းအတွက် အရေးကြီးနေသည့်အချိန်တွင် ကော်စတာကို ရောင်းချရန် ဆန္ဒမရှိဘဲ လာမည့်လအတွင်း တစ်ပတ်လစာငွေ ပေါင် ၂ သိန်းခွဲဖြင့် စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းထားသည်။

လက်ရှိတရုတ်စူပါလိဂ်တွင် လစာငွေအများဆုံးရရှိနေသည့် ကစားသမားမှာ တီဗက်ဇ်ဖြစ်ပြီး တစ်ပတ်လျှင် ပေါင် ၆၁၅,၀၀၀(တစ်နှစ် ပေါင် ၃၁.၉၈ သန်း)ရရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly