တစ်နှစ်ပြည့် သွားခဲ့ပြီဖြစ်သော ဂျာကာတာ အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် သေဆုံးခဲ့သူများအတွက် ဆုတောင်း

တစ်နှစ်ပြည့် သွားခဲ့ပြီဖြစ်သော ဂျာကာတာ အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် သေဆုံးခဲ့သူများအတွက် ဆုတောင်း

ဇန်နဝါရီ ၁၄ ။                  ။ ယမန်နှစ် ဇန်နဝါရီ ၁၄ ရက်က အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ရာ ယင်းဖြစ်စဉ်တွင် သေဆုံးခဲ့ကြသူများအတွက် မိသားစုဝင်များက အောက်မေ့သတိရခြင်း အထိမ်းအမှတ်အဖြစ် ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြသည်။

၂၀၁၆ ဇန်နဝါရီ ၁၄ ရက်က အိုင်အက်စ်အုပ်စုက စီစဉ်လုပ်ဆောင်ခဲ့သည့် တိုက်ခိုက်မှုတစ်ခုကြောင့် တိုက်ခိုက်သူလေးဦးအပါအဝင် အပြစ်မဲ့ လေးဦး စုစုပေါင်း ရှစ်ဦး သေဆုံးခဲ့သည်။

ယင်းအချိန်က ဂျာကာတာမြို့လယ် ဈေးဝယ်စင်တာတစ်ခုအနီးတွင် ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

Starbucks ကော်ဖီဆိုင်တစ်ခုအတွင်း ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့သကဲ့သို့ ဈေးဝယ်စင်တာအပြင်ဘက် ရဲစခန်းတစ်ခုအနီးတွင်လည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်တွင် လက်နက်ကိုင်များက နိုင်ငံခြားသားများကို ဓါးစာခံဖမ်းဆီးခေါ်ဆောင်မှုများလုပ်ဆောင်ခဲ့သကဲ့သိ့ု အပြစ်မဲ့သူများကိုလည်း ပစ်ခတ်ခဲ့ကြသည်။

ယခုအခါ ယင်းဖြစ်စဉ်တွင် သေဆုံးသွားသူများအတွက် ဇန်နဝါရီ ၁၄ ရက် ၎င်းတို့၏ မိသားစုဝင်များက အတူတကွ စုရုံး ဆုတောင်းပေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags