သုံးနှစ်ခွဲ မိန်းကလေးငယ်ကို ၁၉နှစ်အရွယ် အမျိုးသားက သားမယားပြုကျင့်ရန် ကြံစည်

သုံးနှစ်ခွဲ မိန်းကလေးငယ်ကို ၁၉နှစ်အရွယ် အမျိုးသားက သားမယားပြုကျင့်ရန် ကြံစည်
ဓာတ်ပုံ-မြိတ်ခရိုင်ရဲတပ်ဖွဲ့

မြိတ်၊ ဇန်နဝါရီ-၁၄ ။         ။ အသက်သုံးနှစ်ခွဲရှိ မိန်းကလေးကို အိမ်ချင်းကပ်နေထိုင်သူ ၁၉ နှစ်ခန့် အရွယ်ရှိ အမျိုးသားက သားမယားပြုကျင့်ရန် ကြံစည်ခဲ့သည်ဟုဆိုကာ ပုလောမြို့နယ်ရဲတပ်ဖွဲ့သို့ ဇန်နဝါရီ ၁၄ ရက်က အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

 တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စု၊ ရာဇကြို ကျေးရွာနေထိုင်သူ အဆိုပါ ၁၉ နှစ်ခန့်ရှိအမျိုးသားမှာ တံငါလုပ်ငန်းလုပ်ကိုင်သူ၏ သားဖြစ်ပြီး မိန်းကလေးငယ်၏ မိဘများမရှိခိုက် အိပ်ခန်းတွင်း ခေါ်ဆောင်ခဲ့ကြောင်း၊ ပြန်ထွက်လာသည့်အချိန် အလုပ်မှပြန်လာသည့် မိခင်နှင့်တွေ့သဖြင့် သမီးဖြစ်သူ၏ ပြောပြချက်အရ ရဲတပ်ဖွဲ့သို့တိုင်ကြားထားကြောင်း မြိတ်ခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းဖြစ်စဉ်မှာ ဇန်နဝါရီ ၁၃ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပုလောမြို့မရဲစခန်းက (ပ)၁၅/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၅၁၁/၃၇၇ဖြင့် အမှုဖွင့်လှစ်ပြီး စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly