အနောက်ဥရောပတွင် ဆီနှင်းမုန်တိုင်းတိုက်၍ သယ်ယူပို့ဆောင်ရေး ခရီးစဉ်များပျက်ကာ လျှပ်စစ်ပြတ်တောက်မှုများဖြစ်ပေါ်

အနောက်ဥရောပတွင် ဆီနှင်းမုန်တိုင်းတိုက်၍ သယ်ယူပို့ဆောင်ရေး ခရီးစဉ်များပျက်ကာ လျှပ်စစ်ပြတ်တောက်မှုများဖြစ်ပေါ်

ဥရောပ၊ ဇန်နဝါရီ ၁၃ ။           ။ အနောက်ဥရောပတွင် ဆီးနှင်းမုန်တိုင်းတိုက်၍ အိမ်ခြေများစွာ လျှပ်စစ်မီးပြတ်တောက်ပြီး သစ်ပင်များ ပြိုလဲကာ ရထားပြေးဆွဲမှုတစ်ချို့ အလျင်ပြတ်ခဲ့သည်။

ပြင်သစ်နိုင်ငံ နော်မန်ဒီနှင့် ပါရီမြောက်ပိုင်းဒေသတို့တွင် ဆီးနှင်းမုန်တိုင်းကြောင့် အိမ်ခြေ ၂၃၇၀၀၀ ကျော်ထက်မနည်း လျှပ်စစ်မီး ပြတ်တောက်သည်။

ကမ်းခြေအရပ် ဒိုင်ပီတွင် နှင်းမုန်တိုင်းက လေတိုက်နှုန်း တစ်နာရီ မိုင် ၉၀ ဒဿမ ၅ မိုင်နှုန်းဖြင့် ဖြတ်သန်း တိုက်ခိုက်သည်။ အက်ဂွန်ဟု နာမည်ပေးထားသော ယင်းမုန်တိုင်းက နောက်ပိုင်း ဂျာမနီတောင်ပိုင်းသို့ ဝင်တိုက်ရာ လျှပ်စစ်မီးပြတ်တောက်မှုနှင့် ယာဉ်ကြောပိတ်ဆို့မှုများ ကြီးကြီးမားမား ဖြစ်ပွားသည်။

ပြင်သစ်နှင့် ဂျာမနီ နှစ်နိုင်ငံစလုံးတွင် ယင်းညပိုင်း၌ အရေးပေါ်အဖွဲ့များ အသင့်အနေအထား ရှိနေသည်။

ပိုလန်နှင့် ရိုမေနီးယား၊ ဘယ်ဂျီယံ၊ ဂရိ၊ တူရကီအနောက်ပိုင်းအပါအဝင် ဥရောပအရှေ့တောင်ပိုင်း နေရာတော်တော်များများတွင် ဆီးနှင်းသည်းထန်စွာ ကျဆင်းခြင်းနှင့် ရေခဲမှတ်အောက် အေးစက်ခြင်းများကို ရင်ဆိုင်ကြုံတွေ့နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly