ရွှေ့ပြောင်းနေထိုင်သူ တစ်ဦးကို ကန်ကျောက်ခဲ့သော ဟန်ဂေရီအမျိုးသမီး ကင်မရာသမားအား ပြစ်ဒဏ်ချမှတ်

ရွှေ့ပြောင်းနေထိုင်သူ တစ်ဦးကို ကန်ကျောက်ခဲ့သော ဟန်ဂေရီအမျိုးသမီး ကင်မရာသမားအား ပြစ်ဒဏ်ချမှတ်

ဇန်နဝါရီ ၁၃ ။                   ။ ဟန်ဂေရီနှင့် ဆားဘီးယားနယ်စပ် အနီးတွင် ရွှေ့ပြောင်းနေထိုင်သူများ ထွက်ပြေးလာစဉ်၌ ကန်ကျောက်ခဲ့ခြင်း သို့မဟုတ် ခြေထိုးခံခြင်း ပြုလုပ်ခဲ့သော ဟန်ဂေရီလူမျိုး အမျိုးသမီးကင်မရာသမားတစ်ဦးကို သူမ၏ မဆင်မခြင်နိုင်သော လုပ်ရပ်အတွက် ခံဝန်ချုပ်ဖြင့် သုံးနှစ်ပြစ်ဒဏ် ချမှတ်ခဲ့သည်။

ပီထရာလက်ဇ်လိုအမည်ရှိ အမျိုးသမီးကင်မရာသမားဟာ လွန်ခဲ့သော ၂၀၁၅ခုနှစ် စက်တင်ဘာလတွင် ရဲများ၏ ပိတ်ဆို့ထားမှုမှ ထွက်ပြေးလာသော ဒုက္ခသည်များကို ရုပ်သံမှတ်တမ်းရိုက်ကူးနေခဲ့သည်။ သူမဟာ ထွက်ပြေးနေ သော လူနှစ်ဦးကို ကန်ကျောက်ခဲ့သောပုံအား ကင်မရာတွင် အမိအရ ရိုက်ကူးမိခဲ့သည်။ ပထမတစ်ဦးဟာ မိန်းကလေးငယ်လေးတစ်ဦးဖြစ်ပြီး သူမဒုတိယအကြိမ်   ခြေထိုးခံခဲ့တဲ့သူဟာ ကလေးငယ်လေးကို ချီထားသော ယောင်္ကျားတစ်ဦးဖြစ်သည်။

သူမကတော့ အဆိုပါပြစ်ဒဏ်အား အယူခံဝင်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

တရားသူကြီးဖြစ်သူ အိုင်လက်စ်နာနက်စ်စီ က လက်ဇ်လို၏ အပြုအမူဟာ လူမှုအဖွဲ့အစည်းတစ်ခု၏ စံသတ်မှတ် ချက်များနှင့် သွေဖယ်နေပြီး သူမ၏ရှေ့နေမှ သူမဟာ ကိုယ့်ကိုယ်ကို ကာကွယ်ခဲ့တာဖြစ်သည်ဟုဆိုသော လျှောက်လှဲချက်အား ပယ်ချခဲ့ကြောင်း ပြောကြားခဲ့သည်။

လက်ဇ်လိုကတော့ “ကျမလှည့်ကြည့်လိုက်တဲ့အချိန်မှာ လူပေါင်းရာနဲ့ချီပြီး ကျမဆီကို ဦးတည်ပြေးလာတာကို တွေ့ လိုက်ရတာကြောင့် ကြောက်ရွံ့တုန်လှုပ်မိသွားပြီး ယခုလို ဖြစ်ရတာပါ” လို့ချေပ ခဲ့သည်။ ထိုချေပချက်ကို တရားရုံး တွင် သူမပြောကြားချိန်၌ ငိုကြွေးနေခဲ့ပြီး သူမဟာ အဆိုပါဖြစ်ရပ်ကြောင့် အသက်ကို ခြိမ်းခြောက်ခံရမှုများနှင့် အမုန်းစကားများ ပြောဆိုခံရမှု ကြုံတွေ့ခဲ့ရကြောင်း ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly