တောင်တရုတ်ပင်လယ်အတွင်း တရုတ်တို့ ကျွန်းတုတည်ဆောက်နေခြင်းကို အမေရိကန်မှ ပိတ်ပင်သင့်ကြောင်း တိုင်လာဆန်ပြော

တောင်တရုတ်ပင်လယ်အတွင်း တရုတ်တို့ ကျွန်းတုတည်ဆောက်နေခြင်းကို အမေရိကန်မှ ပိတ်ပင်သင့်ကြောင်း တိုင်လာဆန်ပြော

နိုင်ငံခြားရေးဝန်ကြီးရာထူးအတွက် ဒေါ်နယ်ထရမ့် ကိုယ်တိုင်အဆိုပြုထားသူ တိုင်လာဆန်က အမေရိကန်ပြည် ထောင်စုအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက်အငြင်းပွားနေသော နေရာ ၌ တရုတ်တို့ကျွန်းတုများ တည်ဆောက်နေခြင်းကို ပိတ်ပင်သင့်ကြောင်း ပြောကြားခဲ့သည်။

ရက်စ်တိုင်လာဆန်၏ ယခုလိုမှတ်ချက်ကြောင့် တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုကြား တင်းမာမှုများပိုမို မြင့်တက်လာနိုင်သည်။

တရုတ်နိုင်ငံဟာ ကျွန်းတုများနှင့် သန္တာကျောက်တန်း အတုများကို အခြားနိုင်ငံများ၏ ရေပိုင်နက်အတွင်းတွင်ပါ တည်ဆောက်နေကြသည်။

ပြီးခဲ့သော နှစ်တုန်းက ထုတ်ပြန်ခဲ့သော ဓာတ်ပုံများအရ အချို့ကျွန်းတုများပေါ် ၌ ကာကွယ်ရေးစစ်တပ်များကိုပါချ ထားကြောင်း နိုင်ငံရေးအကြံပေးအဖွဲ့ကပြောခဲ့သည်။

မစ္စတာတိုင်လာဆန်က တရုတ်နိုင်ငံမှ ယခုလို ကျွန်းတုများတည်ဆောက်နေခြင်းဟာ ယူကရိန်းနိုင်ငံမှ ခရီးမီးယား ဒေသကိုရုရှားတို့ တိုက်ခိုက်သိမ်းပိုက်ခြင်းနှင့် တူကြောင်း ခိုင်းနှိုင်းပြောဆိုခဲ့သည်။

“ကျနော်တို့ဟာ ပထမဦးဆုံးအနေနဲ့ တရုတ်နိုင်ငံအား ကျွန်းတုများတည်ဆောက်နေခြင်းကို ရပ်တန့်သွားရန် ရှင်းရှင်းလင်းလင်းပြောကြားသွားမှာဖြစ်ပြီး ဒုတိယအဆင့် အနေနဲ့ သူတို့ကိုထိုကဲ့သို့ကျွန်းတုများ ဆောက်လုပ်ခွင့် ပေးသွားမှာ မဟုတ်ကြောင်း ပြောကြားမှာဖြစ်ပါတယ်” လို့ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly