ဖယ်လိုင်နီကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် မန်ယူပြင်ဆင်

ဖယ်လိုင်နီကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် မန်ယူပြင်ဆင်

ဇန်နဝါရီ ၁၂၊ အင်္ဂလန် ။            ။ မန်ယူအသင်းသည် ကွင်းလယ်ကစားသမား ဖယ်လိုင်နီကို တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆို၇န် ပြင်ဆင်နေပြီဖြစ်ကြောင်း ဘီဘီစီစပို့က ဖော်ပြသွားခဲ့သည်။

ဖယ်လိုင်နီသည် ၂၀၁၃ ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင် ၂၇.၅ သန်းဖြင့် အဲဗာတန်မှ မန်ယူသို့ ရောက်ရှိလာခဲ့ပြီး လေးနှစ်စာချုပ် ချုပ်ဆိုခဲ့သူဖြစ်သည်။ ၎င်း၏လက်ရှိစာချုပ်မှာ ယခုနှစ်ရာသီအကုန်တွင် ကုန်ဆုံးတော့မည်ဖြစ်ပြီး မူလက စာချုပ်သက်တမ်းတိုးရန် သေချာမှုမရှိသော်လည်း ယခု နည်းပြမော်ရင်ဟို၏ ထောက်ခံမှုအရ မန်ယူတွင် နောက်ထပ်တစ်နှစ် ထပ်ကစားခွင့်ရတော့မည် ဖြစ်သည်။

ဖယ်လိုင်နီသည် မန်ယူက ဟားလ်စီးတီးအသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ရခဲ့သည့် လိဂ်ဖလားဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ယခင်လက အဲဗာတန်ကိုရှုံးခဲ့သည့်ပွဲတွင် ၎င်းကြောင့်ပင်နယ်တီပေးခဲ့ရသည့်အတွက် ပရိသတ်များ၏ လှောင်ပြောင်ခြင်းကို ခံနေရသူဖြစ်သည်။

သို့သော် နည်းပြမော်ရင်ဟိုက ဖယ်လိုင်နီကို သူ၏အသင်းတွင် အလိုရှိနေဆဲဖြစ်သည်။ ဟားလ်စီးတီးနှင့်ပွဲစဉ်အပြီးတွင် မော်ရင်ဟိုက ‘ဖယ်လိုင်နီက စိတ်ဓာတ်ခိုင်မာတဲ့ ကစားသမားတစ်ဦးပါ။ အခြေအနေတွေကို ကောင်းကောင်းထိန်းချုပ်နိုင်ပါတယ်။ သူက ကျွန်တော့်အတွက် အရေးပါတဲ့ ကစားသမားဆိုတာ ဖယ်လိုင်နီကောင်းကောင်းသိပါတယ်’ ဟု ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags