ခရိုအေးရှား တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို မိုဒရစ် ငါးကြိမ်မြောက်ရရှိ

ခရိုအေးရှား တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို မိုဒရစ် ငါးကြိမ်မြောက်ရရှိ

ဇန်နဝါရီ ၁၂ ။            ။ ရီးယဲလ်ကွင်းလယ်ကစားသမား လူကာမိုဒရစ်သည် သူ၏ ကစားသမားဘဝတစ်လျှောက်တွင် ခရိုအေးရှားတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ငါးကြိမ်မြောက်ဆွတ်ခူးရရှိသွားခဲ့သည်။

အသက် ၃၁ နှစ်အရွယ်ရှိ မိုဒရစ်သည် ခရိုအေးရှားအကောင်းဆုံးကစားသမားဆုကို ၂၀၀၇၊ ၂၀၀၈၊ ၂၀၁၁နှင့် ၂၀၁၄ ခုနှစ်များက ရရှိခဲ့ဖူးပြီး ယခု ငါးကြိမ်မြောက်ရရှိခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ဘာစီလိုနာကွင်းလယ်လူ ရာကီတစ်က ဆုရရှိခဲ့သည်။

မိုဒရစ်သည် ပြီးခဲ့သည့်ရာသီက ရီးယဲလ်အသင်းနှင့်အတူ ချန်ပီယံလိဂ်တွင် အောင်မြင်မှုရရှိခဲ့ခြင်းနှင့် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ခရိုအေးရှားအသင်းအတွက် ခြေစွမ်းပြကစားနိုင်ခြင်းကြောင့် ယခုကဲ့သို့ ဆုရခဲ့ခြင်းဖြစ်သည်။

မိုဒရစ်က ‘ ဒီဆုက ကျွန်တော့်အတွက် အဓိပ္ပါယ်အများကြီးရှိပါတယ်။ ခရိုအေးရှားအကောင်းဆုံးကစားသမားဆုကို ငါးကြိမ်မြောက်ရရှိတာပါ။ ဒါက ကျွန်တော့်အတွက် လုံးဝစပါယ်ရှယ်ပါပဲ။ ဒီဆုက ကြီးကျယ်ခမ်းနားတဲ့ ရိုးရာအစဉ်အလာရှိတဲ့ဆုပါ’ ဟု ပြောဆိုခဲ့သည်။

အကောင်းဆုံးဆုအတွက် မိုဒရစ်သည် ထောက်ခံမဲပေါင်း ၁၁၀ ရရှိခဲ့ပြီး ရာကီတစ်က မဲ ၈၀နှင့် မန်ဇူကစ်က ၇၆ မဲ ရရှိခဲ့သည်။

‘ကျွန်တော့်ကို မဲပေးခဲ့ကြသူတွေကို ကျေးဇူးတင်ပါတယ်။ အမြဲတမ်းတိုးတက်မှုရှိနေဖို့ နေ့တိုင်းပြင်းပြင်းထန်ထန်လေ့ကျင့်နေပါတယ်။ ဒီဆုရရှိဖို့ ကူညီပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်’ ဟု မိုဒရစ်က ဆိုသည်။

ခရိုအေးရှားအကောင်းဆုံးဘောလုံးသမားဆုကို အကြိမ်အများဆုံးရရှိထားသူမှာ တိုက်စစ်မှူးဟောင်းကြီး ဒေဗာဆူကာဖြစ်ပြီး ခြောက်ကြိမ် ရရှိထားသည်။

ရည်ညွှန်း ဂိုးလ်ဒေ့ါကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly