ဖိလစ်ပိုင်သမ္မတ ဒူတာတေးက သန္ဓေတားဆေးများ အခမဲ့ဝေရန် အမိန့်ထုတ်

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက သန္ဓေတားဆေးများ အခမဲ့ဝေရန် အမိန့်ထုတ်

မနီလာ၊ ဇန်နဝါရီ ၁၂ ။             ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အစိုးရဌာနဆိုင်ရာများအား သန္ဓေတားဆေး ရရှိနိုင်ခြင်းမရှိသည့် အမျိုးသမီး ခန့်မှန်းခြေ ခြောက်သန်းအတွက် သန္ဓေတားဆေးများ အခမဲ့ဝေငှသွားရန် အမိန့်ထုတ်ထားသည်။

ဒူတာတေးက မလိုချင်ဘဲ ရသည့် ကိုယ်ဝန်ဆောင်နှုန်း အထူးသဖြင့် ဆင်းရဲသည့် အသိုင်းအဝန်းကြားတွင် လျှော့ချလိုကြောင်း ပြောခဲ့သည်။

ယခုထုတ်ပြန်သော ၎င်း၏ အထူးအမိန့်က ရိုမန်ကက်သလစ်ဘုရားကျောင်းများ၏ ပြင်းပြင်းထန်ထန် အတိုက်အခံလုပ်မှုကို ရင်ဆိုင်ရလိမ့်ဖွယ်ရှိသည်။

ဒူတာတေး မတိုင်ခင် အစိုးရကလည်း နိုင်ငံအတွင်း သန္ဓေတားဆေး ပိုမိုအသုံးပြုနိုင်ရေး ဥပဒေပြဌာန်းနိုင်ရန် နှစ်များစွာ တိုက်ပွဲဝင်ခဲ့ရခြင်းလည်းဖြစ်သည်။

သို့သော် ကိုယ်ဝန်ဖျက်ချမှု ဆန့်ကျင့်ရေးအုပ်စုများ၏ အရေးဆိုမှုများကြောင့် တရားရုံးချုပ်သည် ဥပဒေအားဖြင့် သန္ဓေတားဆေး ဖြန့်ဝေခြင်းကို ယာယီတားမြစ်မိန့် ၂၀၁၅ ခုနှစ်အတွင်း ထုတ်ပြန်ထားခြင်း   ဖြစ်သည်။ ယင်းအရေးကို အစိုးရက ပြန်လည်ပြင်ဆင်ရန် တိုက်တွန်းလျက်ရှိခြင်းလည်းဖြစ်သည်။

ဖိလစ်ပိုင်တွင် ၈၀ ရာခိုင်နှုန်းသော လူဦးရေမှာ ရိုမန်ကက်သလစ်ဘာသာဝင်များဖြစ်ကြောင်း Pew သုတေသနစင်တာအရ သိရသည်။

အစိုးရအနေဖြင့် ဆင်းရဲမှုနှုန်းထားကို ပြီးခဲ့သည့်နှစ်က ၂၁ ဒဿမ ၆ ရာခိုင်နှုန်းရှိရာမှ ၂၀၂၂ တွင် ၁၃ ရာခိုင်နှုန်းသို့ လျှော့ချလိုကြောင်း ဒူတာတေးက ပြောထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly