သတင်းတုများ ပေါက်ကြားပျံ့နှံ့သည်ဆိုကာ ထောက်လှမ်းရေး အေဂျင်စီများကို ထရမ့် ရှုတ်ချပြစ်တင်

သတင်းတုများ ပေါက်ကြားပျံ့နှံ့သည်ဆိုကာ ထောက်လှမ်းရေး အေဂျင်စီများကို ထရမ့် ရှုတ်ချပြစ်တင်

နယူးယောက်၊ ဇန်နဝါရီ ၁၂ ။                      ။ သတင်းအချက်အလက်များနှင့် ပတ်သက်ကာ ဒေါ်နယ်ထရမ့်က ရုရှနှင့် အပေးအယူလုပ်ခဲ့သည်ဟူသော သတင်းများ မီဒီယာများ၌ ထွက်ပေါ်လာခြင်းအတွက်  ထောင်လှမ်းရေးအေဂျင်စီများကို ဒေါ်နယ်ထရမ့်က ရှုတ်ချပြစ်တင်သည်။

"နာဇီဂျာမနီတွေပဲ ဒါမျိုးလုပ်လိမ့်မယ်။"ဟု ထရမ့်က ခနဲ့ကာ ပြောသည်။

ထောက်လှမ်းရေးအေဂျင်စီ၏ စာမျက်နှာ ၃၅ မျက်နှာပါ အမှုတွဲဖိုင်က ပေါက်ကြားပြီး CNN သတင်းဌာနက ဖော်ပြခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖော်ပြချက်၌ ထရမ့်၏ ပုဂ္ဂိုလ်ရေးလိင်ကိစ္စအပါအဝင် သတင်းအချက်အလက်များအတွက် ရုရှနှင့် ထရမ့်၏ ရွေးကောက်ပွဲမဲဆွယ်ရေးအဖွဲ့တို့ကြား အပေးအယူလုပ်ခဲ့ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။

ထောက်လှမ်းရေးအေဂျင်စီများက အိုဘားမားနှင့် ဒေါ်နယ်ထရမ့်တို့နဲ့သာ သက်ဆိုင်သည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ၎င်းတို့နှစ်ဦးထံ အစီရင်ခံစာတင်ထားသည့် သတင်းအချက်အလက်များ   ပေါက်ကြားခြင်းဖြစ်သည်။

ထရမ်အနေဖြင့် သမ္မတရွေးကောက်ပွဲတွင် ရုရှတို့ ဟက်ကာလုပ်ဆောင်ကာ ဝင်နှောင့်ခဲ့သည်ဆိုသော အတည်ပြုချက်များကို ပထမဆုံးအဖြစ် လက်ခံလိုက်ရပြီးဖြစ်သည်။

ထိုပြင်ရွေးကောက်ခံသမ္မတဖြစ်ပြီး ပထမဆုံးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်း၏ စီးပွားရေးလုပ်ငန်းအဝဝကို သားဖြစ်သူနှစ်ဦးထံ အလုံးစုံထိန်းချုပ်ခွင့် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပထဆုံးအဖြစ် တရားဝင်ပြောကြားသည်။

ပေါက်ကြားခဲ့သည့် CNN သတင်းဖော်ပြချက်တွင် ရုရှတို့ရရှိထားသည့် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်၏ စီးပွားရေးအကျိုးအမြတ်ဆိုင်ရာအချက်အလက်များ၊ သီးသန့်ဘဝတွင် လိင်ကိစ္စ   ဇောင်းပေးသော အပြုအမူ ဗီဒီယိုဖိုင်သက်သေနှင့် မော်စကိုရှိ Ritz Carlton ဟိုတယ်တွင် ပြည့်တန်ဆာများ ခေါ်ယူခဲ့သည်ဆိုသော စွပ်စွဲချက်များ အပါအဝင် ထရမ့်နှင့် ပတ်သက်သော သတင်းအချက်အခက်များကို ရုရှက ဖျက်ဆီးပစ်ရန် အပေးအယူလုပ်ခဲ့ကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly