ပရီးမီးယားလိဂ်ကို တရုတ်စူပါလိဂ် ယှဉ်နိုင်မည်ဟု အော်စကာ ယုံကြည်

ပရီးမီးယားလိဂ်ကို တရုတ်စူပါလိဂ် ယှဉ်နိုင်မည်ဟု အော်စကာ ယုံကြည်
 

ဇန်နဝါရီ ၁၁၊ တရုတ် ။              ။ တရုတ်စူပါလိဂ်သို့ ထိပ်တန်းကစားသမားများ ထပ်မံရောက်ရှိလာပါက ပရီးမီးယားလိဂ်ကို ယှဉ်နိုင်လိ့မ်မည်ဟု ဘရာဇီးတိုက်စစ်ကစားသမား အော်စကာက ယုံကြည်လျက်ရှိသည်။

အော်စကာသည် ချယ်လ်ဆီးမှ ရှန်ဟိုင်း SIPG သို့ တရုတ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ ဖြင့် ပြောင်းရွှေ့သွားခဲ့သူ ဖြစ်သည်။ လက်ရှိတရုတ်စူပါလိဂ်တွင် တီဗက်ဇ်၊ ၀စ်ဆယ်၊ ရာမီရက်ဇ်၊ လာဗက်ဇီ၊ တီဇီရာ၊ မီခေးလ်၊ ပယ်လီ၊ ယီမက်ဇ်၊ ပေါ်လင်ဟို၊ အော်ဂက်စတို၊ ဂွါရင်၊ မာတီနက်ဇ်၊ ကာဗယ်ဟို စသည့် ထိပ်တန်းကစားသမားများကို ခေါ်ယူထားပြီးဖြစ်သည်။

‘တရုတ်စူပါလိဂ်က အခုပုံစံအတိုင်းဆက်သွားနေမယ်ဆိုရင် ပရီးမီးယားလိဂ်ကို ယှဉ်နိုင်ပါလိ့မ်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ကောင်းမွန်တဲ့စီမံကိန်းတွေ အများကြီးရှိလို့ပါ။

ပရီးမီးယားလိဂ်မှာက ကမ္ဘာ့ထိပ်တန်းကစားသမားတွေရှိနေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ တရုတ်ဘောလုံးသမားတွေကလည်း ကောင်းပါတယ်။ သူတို့က ကစားသမားသစ်တွေကိုလည်း အရမ်းအကူအညီပေးပါတယ်။ ကျွန်တော်ကလည်း သူတို့ကို ကူညီဖို့ လာတာပါ။

ဒီကိုပြောင်းလာခဲ့တာက ကျွန်တော့်အတွက် ကောင်းသလို ချယ်လ်ဆီးနဲ့ရှန်ဟိုင်းအသင်းအတွက်လည်း ကောင်းပါတယ်။ ဒါကြောင့် တရုတ်စူပါလိဂ်ကို ပြောင်းခဲ့ရတာ အရမ်းပျော်ပါတယ်။ တရုတ်ကို ထိပ်တန်းကစားသမားတွေရောက်လာအောင် လုပ်ဖို့ တရုတ်စူပါလိဂ်ကလပ်တွေမှာ ငွေတွေအများကြီး ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်’ ဟု အော်စကာက ပြောဆိုခဲ့သည်။

ရည်ညွှန်း အော်စကာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags