ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားအဆင့်မြင့်ကိုယ်စားလှယ်များ NCA အချောသတ်နိုင်ရန် ဆွေးနွေးနေ

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားအဆင့်မြင့်ကိုယ်စားလှယ်များ NCA အချောသတ်နိုင်ရန် ဆွေးနွေးနေ

ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် တိုင်းရင်းသားလက်နက်ကိုင် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အကြား တစ်နိုင်ငံလုံးဆိုင်ရာအပစ်ရပ်ရေးစာချုပ် NCA အချောသတ်နိုင်ရန် ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းပြန်လည် ထူထောင်ရေးလုပ်ငန်းဗဟိုဌာန MPC ၌ ယနေ့ ဇူလိုင် ၂၂ ရက်တွင် အစည်းအဝေးကျင်းပနေသည်။

ယခုတစ်ကြိမ်သည် NCA နှင့်ပတ်သက်၍ ၈ ကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲ ဖြစ်ပြီး၊ အလွတ်သဘော ပြင်ဆင်ရေး ဆွေးနွေးပွဲပေါင်း ၄၀ ကျော် ကျင်းပခဲ့သည်ဟု MPC အထူးအကြံပေး ဦးလှမောင်ရွှေက သူ၏ Facebook ၌ ဖော်ပြထားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း UPWC ဒုဥက္ကဋ္ဌ၊ ဦးသိန်းဇော် UPWC ဒုဥက္ကဌ၊ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း အပါအဝင် UPWC ကိုယ်စားလှယ်အဖြစ် ၁၅ ဦး တက်ရောက်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မှ ခေါင်းဆောင် ပဒို နော်စီဖိုးရာစိန်၊ ဒုတိယအဖွဲ့ခေါင်းဆောင် (၁) ဒေါက်တာ လဂျာ၊ ဒုတိယအဖွဲ့ခေါင်းဆောင် (၂) ပူးဇင်ကျုံးတို့အပါအဝင် ၁၅ ဦးတို့ တက်ရောက်နေသည်။ 

ထို့ပြင် တိုင်းရင်းသားဖက်မှ နည်းပညာအထောက်အကူအဖွဲ့ ၈ ဦး နှင့် MPC အလုပ်အဖွဲ့ဝင် ၁၄ ဦးတို့လည်း တက်ရောက်သည်ဟု ဦးလှမောင်ရွှေက ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags