စစ်သားတစ်ဦးတင်လိုက်သော ဆိုးရွားသော အစားအစာဗွီဒီယိုဖိုင် အင်တာနက်ပေါ်တွင် ပျံ့နှံ့မှုကြောင့် အိန္ဒိယ စစ်ဆေးမည်

စစ်သားတစ်ဦးတင်လိုက်သော ဆိုးရွားသော အစားအစာဗွီဒီယိုဖိုင် အင်တာနက်ပေါ်တွင် ပျံ့နှံ့မှုကြောင့် အိန္ဒိယ စစ်ဆေးမည်

အိန္ဒိနိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးဖြစ်သူဟာ အိန္ဒိယစစ်သားတစ်ဦး၏ အင်တာနက်ပေါ်သို့တင်လိုက်သော ဗွီဒီယိုဖိုင် သုံးခုကိုစစ်ဆေးသွားဖို့ အမိန့်ပေးလိုက်ပြီး ထိုဗွီဒီယိုထဲတွင် ပါကစ္စတန်နယ်စပ်မှ စစ်သားများဟာ အရည်အသွေး မမှီသောဆိုးရွားသည့် အစားအစာများကိုသာ ရရှိနေသည်ဟု အခိုင်အမာပြောဆိုထားသည်။

နယ်စယ်လုံခြံုရေးစစ်တပ်မှ တက်ဂျ်ဘာဟာဒါရာဒါ့ဗ်အမည်ရှိ စစ်သားတစ်ဦးဟာ တူးနေသောရိုတီမုန့် (ဂျံုမုန့်) နှင့် ဆားနှင့်နံနွင်းသာပါသည်ဟုဆိုထားသော ပဲနီကလေးဟင်းရည်တို့ကို ရိုက်ကူးထားသော ဗွီဒီယိုအားဖေ့စ်ဘုတ် ပေါ်သို့တင်ခဲ့သည်။

“ဒါဟာကျနော်တို့ ရရှိနေတဲ့အစားအစာတွေရဲ့ အရည်အသွေးပါပဲ၊ ဒါတွေနဲ့စစ်သားတွေဟာ သူတို့တာဝန်ကို ကျေ ပွန်အောင် ဘယ်လိုထမ်းဆောင်ရမလဲဗျာ” လို့ ဖေ့စ်ဘုတ်ပေါ်သို့တင်ခဲ့သော ဗွီဒီယိုအတိုလေးတွင် သူကိုယ်တိုင် ပြောကြားထားသည်။

ထိုဗွီဒီယိုအတိုလေးများကို ပြီးခဲ့သော တနင်္လာနေ့က တင်ခဲ့တာဖြစ်ပြီး ချက်ချင်းဆိုသလို ကြည့်ရှုမှုအကြိမ်ရေ ၈သန်း ကျော်သွားခဲ့သည်။ မစ္စတာရာဒါ့ဗ််က အစားအစာတွေရဲ့ အရည်အသွေးဟာ ဆိုးရွားလွန်းတာကြောင့် တချို့ စစ်သားများဟာ မစားဘဲနေကြတယ်လို့ ပြောခဲ့သည်။

သူက ဒီပြသနာဟာအစိုးရနဲ့ မသက်ဆိုင်သော်လည်း ရိက္ခာခွဲတမ်းများကိုရောင်းချနေသည်ဟု သူကိုယ်တိုင်စွပ်စွဲ ထားသော စီနီယာစစ်တပ်အရာရှိများ၏ လာဘ်စားမှုနှင့်သာ သက်ဆိုင်သည်ဟု   ပြောခဲ့သည်။

အိန္ဒိယနိုင်ငံ၏ပြည်ထဲရေးဝန်ကြီး ရာ့ဂျ်နာ့သ်ဆင်း က တွစ်တာပေါ်၌ သူဟာ နယ်စပ်လုံခြံုရေးစစ်တပ်မှ အစီရင်ခံ စာကိုတောင်းခံထားပြီးပြီဖြစ်ကြောင်းနှင့် အဆိုပါကိစ္စကို ချက်ချင်းအရေးယူ   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေးသားခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly