ဖိလစ်ပိုင်နိုင်ငံတွင် အင်အား ရ.၃ ပမာဏရှိသော ငလျင်ကြီးတစ်ခုလှုပ်ခတ်

ဖိလစ်ပိုင်နိုင်ငံတွင် အင်အား ရ.၃ ပမာဏရှိသော ငလျင်ကြီးတစ်ခုလှုပ်ခတ်

ယနေ့ အင်္ဂါနေ့တွင် ဖိလစ်ပိုင်နိုင်ငံအရှေ့တောင်ပိုင်း ပင်လယ်ရေအောက်၌ ရ.၃ပမာဏရှိသောငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) က ပြောကြားခဲ့သည်။

အဆိုပါ ငလျင်ကို မြေအောက်အနက် ၆၁၇ကီလိုမီတာ (၃၈၀မိုင်)ခန့်တွင် တိုင်းတာရမိခဲ့ကြောင်း USGS က ပြောကြားခဲ့သည်။

USGS ၏ အဆိုအရ အဆိုပါငလျင်ဟာ Celebes ပင်လယ်အတွင်းလှုပ်ခတ်ခဲ့တာဖြစ်ပြီး ယင်းမတိုင်ခင်ကလည်း ထိုနေရာတွင် အင်အား ၄.၇ပမာဏာရှိသော ငလျင်တစ်ခု လွန်ခဲ့သော ငါးရက်အကြာတုန်းက လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အမေရိကန် ဆူနာမီသတိပေးစင်တာက ငလျင်လှုပ်ခတ်ခဲ့မှုအပြီးမှာ သတိပေးချက်များ၊ စောင့်ကြည့်မှုများ၊ အကြံပေးချက်များ ထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်း သိရသည်။

ဖိလစ်ပိုင်မှမြေငလျင်ပညာရှင်များက ငလျင်ဟာမြေအောက် အနက်အကွာအဝေးအများကြီးမှာ လှုပ်ခတ်ခဲ့တာဖြစ် သောကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ လူသေဆုံးမှုများနှင့် ဆူနာမီဖြစ်ပေါ်လာနိုင်သော အရိပ်လက္ခဏာများမရှိ ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်မီးတောင်ပညာရပ်နှင့်မြေငလျင်ပညာရပ်လေ့လာရေးအဖွဲ့မှ ရီနာတိုဆိုလီဒမ်က အေပီသတင်းဌာနအား မြေငလျင်ဟာ ပင်လယ်ကြမ်းပြင်အောက် ၆၂၅ကီလိုမီတာအကွာမှ သမုဒ္ဒရာပြတ်ရွှေ့လွှာများ ရွေ့လျားခြင်း ကြောင့်ပေါ်ပေါက်လာခဲ့တာဖြစ်ကြောင်းနှင့် နိုင်ငံတောင်ပိုင်း General Santos မြို့တွင်အနည်းငယ် သတိထားမိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆိုလီဒမ် က လှုပ်ခတ်ခဲ့သော ပင်လယ်ကြမ်းပြင်အောက်မြေငလျင်ဟာ အရှေ့တောင်ပိုင်းဆုလုခရိုင်မှ ၂၂၃ကီလိုမီတာသို့ ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီး   နောက်ဆွဲတွဲ ငလျင်များလှုပ်ခတ်ဖို့ အလားအလာရှိကြောင်း ပြော ခဲ့သည်။

ဖိလစ်ပိုင်ကျွန်းစုဟာ ပစိတ်ဖိတ်သမုဒ္ဒရာအတွင်းမှ  ငလျင်လှုပ်ခတ်ခြင်းနှင့် မီးတောင်ပေါက်ကွဲခြင်းများ ဖြစ်လေ့ ဖြစ်ထရှိသော “Ring of Fire”အမည်ရှိ အရပ်ဒေသတွင် တည်ရှိသည်။ ၁၉၉၀ခုနှစ်တုန်းက နိုင်ငံမြောက်ပိုင်းရှိ Luzon ကျွန်းစုတွင် အင်အား ရ.၇ပမာဏရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး လူပေါင်း ၂၀၀၀ ကျော်လောက် သေဆုံးခဲ့ရသည်။

Ref: Independent

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly