ဖီဖာအကောင်းဆုံးကစားသမားဆု The Best FIFA Men's Player 2016 ရပြီးနောက် စီရော်နယ်ဒိုပြောစကား

ဖီဖာအကောင်းဆုံးကစားသမားဆု The Best FIFA Men's Player 2016 ရပြီးနောက် စီရော်နယ်ဒိုပြောစကား

ကျွန်တော်မကြာခဏပြောသလိုပါပဲ။ ဒီနှစ်က ကျွန်တော့်ကစားသမားဘဝရဲ့အကောင်းဆုံးနှစ်တစ်နှစ်ဖြစ်နိုင်ပါတယ်။ နိုင်ငံအသင်းနဲ့အတူ ယူရို ၂၀၁၆ ဆုဖလားရခဲ့တယ်။   ပေါ်တူဂီအတွက်လည်း ပထမဆုံးအကြိမ်ဖြစ်ပြီး အဲဒါက ၂၀၁၆ ကို အထူးနှစ် တစ်နှစ်ဖြစ်စေခဲ့တယ်။

ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားရခဲ့သလို ကလပ်ကမ္ဘာ့ဖလားနဲ့အတူ နှစ်ကိုအဆုံးသတ်နိုင်ခဲ့တာကလည်း အကောင်းဆုံးဖြစ်စေခဲ့ပါတယ်။ စစ်မှန်တဲ့ ထူးရှယ်နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၆ ဟာ ကျွန်တော်ဘောလုံးစကစားချိန် ကတည်းက အကောင်းဆုံးနှစ်တစ်နှစ်ဆိုတာ သံသယမရှိပါဘူး။

ကျွန်တော်ဟာ ဘောလုံးသမိုင်းရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်သွားပြီဆိုတာကိုလည်း သံသယမရှိပါဘူး။ ဘောလုံးစ ကစားချိန်ကတည်းက ကျွန်တော့်ရဲ့ အဓိက ရည်မှန်းချက် အမြဲတမ်းရှိခဲ့ပါတယ်။ ဘောလုံးသမားတစ်ယောက်ဖြစ်လာဖို့ သာမကဘဲ ကြယ်ပွင့်တစ်ယောက်ဖြစ်လာဖို့ အကောင်းဆုံးတစ်ယောက်ဖြစ်လာဖို့ပါ။

ကျွန်တော်လုပ်နိုင်ခဲ့ပြီ။ ဆုတံဆိပ်တွေဟာ ဆုဖလားတွေအကြောင်း၊ တစ်ဦးချင်းထူးချွန်ဆုတွေအကြောင်း၊ စံချိန်တွေအကြောင်း ကို ပြသနေတာပါပဲ။ အဲဒါက ဝမ်းသာဂုဏ်ယူမှုရဲ့ အကြောင်းရင်းတွေဖြစ်သလို ကျွန်တော့်ကိုဒီပုံစံအတိုင်းရှေ့ဆက်နိုင်ဖို့ ခွန်အား ဖြစ်စေပါတယ်။

ဒီ Best ဆုက ဖီဖာအနေနဲ့ ပထမဆုံးအကြိမ်ပေးတာဖြစ်လို့ ပိုပြီးတောင် ထူးရှယ်တစ်ခုဖြစ်စေပါတယ်။ ကျွန်တော့်အတွက်တော့ မဖော်ပြနိုင်လောက်ကို အထူးအခွင့်အရေးတစ်ခုပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly