အလီပိုမြို့ကို ဗုံးကြဲတိုက်ခိုက်မှုက တရားမျှတဟု အာဆတ်ပြော

အလီပိုမြို့ကို ဗုံးကြဲတိုက်ခိုက်မှုက တရားမျှတဟု အာဆတ်ပြော

အလီပို၊ ဇန်နဝါရီ ၉ ။           ။ ပြီးခဲ့သည့်လက အလီပိုမြို့အရှေ့ပိုင်းကို  ဆီးရီးယားတပ်များ ပြန်လည်လက်ရသိမ်းပိုက်ခဲ့ရာ၌ ဗုံးကြဲတိုက်ခိုက်မှုများ ဆင်နွှဲခဲ့ခြင်းသည် တရားမျှတကြောင်း ဆီးရီးယားသမ္မတဘာရှာအာဆတ်က ပြောသည်။

"တန်ဖိုးတစ်စုံတစ်ရာတော့ ပေးရမှာပဲ။ ဒါပေမယ့် အဆုံးမှာတော့ အကြမ်းဖက်တွေလက်က ပြည်သူတွေ လွတ်မြောက်ရတယ် မဟုတ်လား။"ဟု အာဆတ်က ပြင်သစ်သတင်းဌာနသို့ ပြောသည်။

ထိုးစစ်၏ နောက်ဆုံးအခြေတွင် ဆီးရီးယားအစိုးတပ်များနှင့် မဟာမိတ်များက အရပ်သားများရှိနေရာ ဒေသနယ်မြေအား လေကြောင်းဖြင့် တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း ကုလသမဂ္ဂက ပြောသည်။

ရုရှက ဆီးရီးယားရှိ အစိုးရဆန့်ကျင်သောသူပုန်များအား ချေမှုန်းစစ်သို့ ၂၀၁၅ မှစကာ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

တူရကီနှင့်အတူ ရုရှနိုင်ငံသည် ဆီးရီးယား၌ အစိုးရနှင့် သူပုန်တို့ကြား အပစ်ရပ်ရေး တည်တ့ံအောင် ပါဝင်ကူညီလျက်ရှိသည်။

ထိုနှစ်နိုင်ငံနှင့်အတူ အီရန်နိုင်ငံကပါ ပါဝင်လျက် ကာဇန်စတန်နိုင်ငံ၏ အက်စတာနာမြို့တော်၌ ယခုလနှောင်းပိုင်းတွင် နှစ်ဖက်တွေ့ဆုံကာ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုများ ဖြစ်ထွန်းလာရေး တွန်းအားပေးလျက်လည်းရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags