မန်ယူဂိုးသွင်းအများဆုံးစံချိန်ကို ရက်ရှ်ဖို့ဒ်ကျော်ဖြတ်နိုင်မည်ဟု မော်ရင်ဟိုပြော

မန်ယူဂိုးသွင်းအများဆုံးစံချိန်ကို ရက်ရှ်ဖို့ဒ်ကျော်ဖြတ်နိုင်မည်ဟု မော်ရင်ဟိုပြော

ဇန်နဝါရီ ၉၊ မန်ချက်စတာ။           ။ ရက်ရှ်ဖို့ဒ်သည် ဆာဘော်ဘီချာလ်တန်နှင့် ဝိန်းရွန်နီတို့ကိုကျော်ဖြတ်ပြီး မန်ယူဂိုးသွင်းအများဆုံးစံချိန်ချိုးမည့်သူဟု မော်ရင်ဟိုက တစ်ပေးပြောဆိုလိုက်သည်။

ရွန်နီသည် ရီးဒင်းကို မန်ချက်စတာယူနိုက်တက်က ၄-၀ ဂိုးဖြင့်နိုင်သည့်ပွဲတွင် မားကပ်စ် ရက်ရှ်ဖို့ဒ် နှစ်ဂိုးမသွင်းမီ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ရာ ချာလ်တန်၏ ၂၄၉ ဂိုးစံချိန်နှင့်တူညီသွားခဲ့သည်။

လက်ရှိတွင် ၁၄ ဂိုးရထားပြီး ဂိုးသွင်းခြေစွမ်းကောင်းနေသည့် ဆယ်ကျော်သက်အရွယ် ရက်ရှ်ဖို့ဒ်အနေဖြင့် စံချိန်ကိုချိုးဖျက်နိုင် လိမ့်မည်ဟု ယူနိုက်တက်နည်းပြ မော်ရင်ဟိုက ယုံကြည်နေသည်။

“မားကပ်စ်က ၁၉ နှစ်ပဲရှိပါသေးတယ်။ ရွန်နီကဂိုးတွေအများကြီးသွင်းခဲ့ပမယ့် မားကပ်စ်သာ ကစားသမားဘဝကုန်ဆုံးချိန်ထိ မန်ချက်စတာယူနိုက်တက်မှာပဲကစားမယ်ဆိုရင် သူလုပ် ကောင်းလုပ်နိုင်မှာပါ။

အချိန်ဘယ်လောက်ကြာမလဲဆိုတော့ ကျွန်တော်တကယ်မသိပါဘူး။ ဒါပေမဲ့ စံချိန်နဲ့နီးကပ်နေတဲ့ကစားသမားတွေကတော့ ယူနိုက်တက်ကနေထွက်ခွာခဲ့ပြီးဖြစ်နေတာကိုတော့ ကျွန်တော်သိပါတယ်။

ဒါကြောင့် ခေတ်သစ်ဘောလုံးလောကမှာ စံချိန်ချိုးဖို့က အင်မတန်ခက်တယ်ဆိုတာကို ကျွန်တော်နားလည်ထားပါတယ်”ဟု မော်ရင်ဟိုက ပြောသည်။

ရက်ရှ်ဖို့ဒ်၏ အိုးထရက်ဖို့ဒ်ကစားဖော် ခရစ္စ စမောလင်းကလည်း မော်ရင်ဟို၏အဆိုကိုထောက်ခံခဲ့ပြီး တိုက်စစ်မှူး၏ပုခုံးပေါ်မှ ဖိအားများကသာလျှင် အကျိုးဖြစ်စေကြောင်း သက်သေပြလိမ့်မည်ဟု ပြောသည်။

“သူသာဒဏ်ရာကင်းနေရင် စံချိန်တွေရဖို့ ဘယ်အရာကမှ တားဆီးနိုင်မှာမဟုတ်ပါဘူး။ သူ့အပေါ်ဖိအားတွေသက်ရောက်နေရင် ပိုကောင်းမယ်ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဖိအားတွေကို သူကိုင်တွယ်ဖြေရှင်းနိုင်လို့ပါ။ ဒါကိုလည်း သူပြခဲ့ပြီးပါပြီ။

သူ့ခြေစွမ်းကတစ်ဆင့်ထပ်တိုးတက်သွားပြီ။ သူဂိုးတွေလည်း ပိုသွင်းလာနိုင်လိမ့်မယ်။ လောလောဆယ်တော့ နှစ်ဂိုးနဲ့ပဲ ပွဲပြီးနေတုန်းပဲ။ သူကလက်တွေ့ကျကျခြေစွမ်းပြနေသူပါ”ဟု စမောလင်းက ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly