ရီးယဲလ်၊ ဘာစီလိုနာတို့နှင့် သတင်းထွက်နေသည့် ဒိုင်ဘာလာ ဆက်ရှိနေရန် ဂျူဗင်တပ်မျှော်လင့်

ရီးယဲလ်၊ ဘာစီလိုနာတို့နှင့် သတင်းထွက်နေသည့် ဒိုင်ဘာလာ ဆက်ရှိနေရန် ဂျူဗင်တပ်မျှော်လင့်

ဇန်နဝါရီ ၉၊ တူရင်။          ။ ဂျူဗင်တပ်အမှုဆောင်ချုပ် ဂူဆက်ပီ မာရော့တာသည် ဒိုင်ဘာလာကိုအသင်းမှထွက်ခွာခွင့်ပြုရန်ငြင်းဆန်လိုက်ပြီး ယင်းတိုက်စစ် မှူးကိုခေါ်ရန် ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့က ကမ်းလှမ်းလာခြင်း မရှိသေးဟု ပြောသည်။

ဒိုင်ဘာလာသည် လက်ရှိရာသီစီးရီးအေ ၁၁ ပွဲကစားပြီး လေးဂိုးမြောက်သွင်းဂိုးအဖြစ် တနင်္ဂနွေနေ့တွင် ဘိုလော့ဂ်နာကို ၃-၀ ဖြင့် အနိုင်ရသည့်ပွဲ၌ ပင်နယ်တီမှ ဂိုးသွင်းယူခဲ့သည်။

အာဂျင်တီးနားလက်ရွေးစင်ကို ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့က ချိတ်ဆက်နေသော်လည်း အသက် ၂၃ နှစ် အရွယ် ကစားသမားအနေဖြင့် ဘယ်မှသွားမည်မဟုတ်ဟု မာရော့တာက ဆိုသည်။

“လာလီဂါထိပ်သီးအသင်းတွေဆီက ကမ်းလှမ်းလာတာမရှိပါဘူး။ ဒိုင်ဘာလာနဲ့ ကျွန်တော်တို့ စာချုပ်သက်တမ်းပြည့်ဖို့ နှစ်တွေ ကျန်နေသေးတာကို ထောက်ပြလိုပါတယ်။ ပြီးတော့ သူ့လွန်ခဲ့တဲ့ လအနည်းငယ်လောက်က လစာတိုးပေးဖို့လည်း ကမ်းလှမ်း ခဲ့ပြီးပါပြီ။ အဲဒါကမှ မျှတတာပါ။ ကျွန်တော်တို့အကြား အပြန်အလှန် ခင်မင်ရင်းနှီးပါတယ်။ သူထွက်သွားမယ်လို့ မစိုးရိမ်ပါဘူး။

ဂျူဗင်တပ်က ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပြီး ကစားဖို့အတွက်ပဲရောက်ရမယ့်အသင်းပါ။ ထွက်ခွာရမယ့် အသင်းမဟုတ်ပါဘူး”ဟု မာရော့တာက မီဒီယာဆက် ပရီမီယံသို့ပြောသည်။

ဒိုင်ဘာလာသည် စီးရီးအေအမှတ်ပေးဇယားထိပ်တွင် လေးမှတ်ဖြတ်ဦးဆောင်နေသည့် ဂျူဗင်တပ်အသင်းနှင့် ၂၀၂၀ နှစ်ဝက်ထိ စာချုပ်သက်တမ်း ရှိနေသေးသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly