တရုတ်စူပါလိဂ်မှာ ကမ္ဘာ့ထိပ်သီးကစားသမားများ သွားရောက်ကစားလိုသည့် နေရာတစ်ခုဖြစ်လာပြီဟု ဇာဗီ ပြော

တရုတ်စူပါလိဂ်မှာ ကမ္ဘာ့ထိပ်သီးကစားသမားများ သွားရောက်ကစားလိုသည့် နေရာတစ်ခုဖြစ်လာပြီဟု ဇာဗီ ပြော

ဇန်နဝါရီ ၈၊ ဘာစီလိုနာ။             ။ ဘာစီလိုနာနှင့်စပိန်လက်ရွေးစင်ကစားသမားဟောင်း ဇာဗီက တရုတ်စူပါလိဂ်မှာ ကမ္ဘာ့ထိပ်သီးကစားသမားများသွားရောက် ကစားလိုသည့်   နေရာတစ်ခု ဖြစ်လာပြီဟု ပြောဆိုလိုက်သည်။

တရုတ်စူပါလိဂ်အသင်းများသည့် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်းမှ စတင်ကာ ဥရောပမှ ထိပ်တန်းကစားသမားများအတွက် ငွေကြေးပုံအောသုံးစွဲမှုများပြုလုပ်ခဲ့ကြပြီး ယခုတစ်ပတ်အတွင်းမှာပင် တီဗက်ဇ်၊ အော်စကာ၊ ၀စ်ဆယ်၊ မီခေးလ်စသည့် ကစားသမားများကို ခေါ်ယူခဲ့ကြသည်။

‘ဥရောပဘောလုံးစျေးကွက်က ကမ္ဘာ့ထိပ်တန်းကစားသမားတွေအတွက် တစ်ခုတည်းသောနေရာအဖြစ် ရပ်တည်လာခဲ့တာ အချိန်ကာလကြာမြင့်ခဲ့ပါပြီ။ အခု တရုတ်စူပါလိဂ်က ကမ္ဘာ့ထိပ်သီးတွေအတွက် ရွေးချယ်စရာနေရာတစ်ခုဖြစ်လာသလို သွားရောက်ကစားလိုတဲ့ နေရာတစ်ခုလည်းဖြစ်လာခဲ့ပါပြီ။

အရင်က ကမ္ဘာ့ထိပ်တန်းကစားသမားအချို့ဟာ အမေရိကန်မေဂျာလိဂ်ပြိုင်ပွဲကို သွားရောက်ကစားကြပါတယ်။ ဒါပေမဲ့ မေဂျာလိဂ်နဲ့ တရုတ်စူပါလိဂ်က အခြေအနေချင်းမတူညီပါဘူး။ မေဂျာလိဂ်မှာ သွားကစားတာက သူတို့ရဲ့နေဝင်ချိန်မှာ သွားကစားကြတာပါ။ တရုတ်ကိုသွားကစားကြတဲ့သူတွေကတော့ အဲ့ဒီလိုမဟုတ်ပါဘူး’ ဟု ဘာစီလိုနာကွင်းလယ်လူဟောင်း ဇာဗီက ဆိုသည်။

တရုတ်စူပါလိဂ်အသင်းများ၏ အကန့်အသတ်မရှိ ငွေကြေးသုံးစွဲမှုများကို ထိန်းချုပ်တော့မည်ဟု သတင်းများထွက်ပေါ်နေသာ်လည်း တရုတ်စျေးကွက်မှာ ဥရောပမှ ခြေစွမ်းထက်မြက်သည့် ကစားသမားများကို ဆွဲဆောင်ထားနိုင်ဆဲ ဖြစ်သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly