ထိုင်ဝမ် နိုင်ငံရေးသမားတစ်ဦး၏ စျာပနတွင် ဘီကီနီဝတ် အမျိုးသမီးများ တိုင်ပတ်အကဖြင့် ကပြဖျော်ဖြေကာ လိုက်ပါပို့ဆောင်

ထိုင်ဝမ် နိုင်ငံရေးသမားတစ်ဦး၏ စျာပနတွင် ဘီကီနီဝတ် အမျိုးသမီးများ တိုင်ပတ်အကဖြင့် ကပြဖျော်ဖြေကာ လိုက်ပါပို့ဆောင်

ဇန်နဝါရီ ရ ။                ။ နိုင်ငံရေးသမားတစ်ဦး သေဆုံးချိန်တွင် ဂျစ်ကားများပေါ်၌ တိုင်ပတ်အကဖြင့် ကပြဖျော်ဖြေပို့ဆောင်သည့် အဖြစ်မျိုးမှာ မကြံုဖူးသလောက် ရှားပါးသည့် ဖြစ်စဉ်မျိုးဖြစ်သည်။

သို့သော် ထိုင်ဝမ်၏ Chiayi ကောင်တီတွင် ဇန်နဝါရီ ၃ ရက်က ဖြစ်သွားခဲ့သည့် ဖြစ်စဉ်တစ်ခုအရ ဂျစ်ကားအစီး ၅၀ ပေါ်၌ ဘီကီနီဝတ်အမျိုးသမီးအယောက် ၅၀ က တိုင်ပတ်အကဖြင့် ကပြဖျော်ဖြေကာ လိုက်ပါပို့ဆောင်သည့် စျာပနအခမ်းအနားတစ်ခုကို ကျင်းပပြုလုပ်သွားခဲ့သည်ဟု သိရသည်။

Chiayi ကောင်တီမှ ယခင်ကောင်စီဝင်ဟောင်း Tung Hsiang ၏ စျာပနအခမ်းအနားတွင် အထက်ပါအတိုင်း လှည့်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၄ ရက်က အသက် ရ၆ နှစ်အရွယ်တွင် ကွယ်လွန်သွားသည့် Mr Tung မှာ လူသိများသည့် နိုင်ငံရေးသမားတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

Sina Weibo နှင့် YouTube တို့ပေါ် တက်လာခဲ့သည့် ဗီဒီယိုများအရ အမျိုးသမီး အကမယ်များမှာ ရောင်စုံဂျစ်ကားများပေါ်တွင် တိုင်ပတ်အက ကပြဖျော်ဖြေပေးနေခဲ့သည့် စျာပနပွဲ စီတန်းပို့ဆောင်ပေးခဲ့သည့်မြင်ကွင်းများကို တွေ့ခဲ့ရသည်။

၎င်း၏ ဖခင်ဖြစ်သူမှာ ပတ်ဝန်းကျင်ကို သက်ဝင်လှုပ်ရှားနေမှ ကြိုက်သူဖြစ်ကြောင်း၊ ယင်းအတွက်ကြောင့် အကမယ်များကို ငှားရမ်းကပြစေခဲ့ခြင်းဖြစ်ကြောင်း၊  အကမယ်များကြောင့် သေဆုံးသွားသည့် ဖခင်ဖြစ်သူ ပျော်ရွှင်စွာအနားယူသွားနိုင်မည်ဟု ယူဆကြောင်း ကွယ်လွန်သွားသည့် နိုင်ငံရေးသမား Mr Tung ၏ သားဖြစ်သူက ရှင်းပြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly