အင်္ဂလန်ထိပ်တန်း ကစားသမားများကို တစ်ပတ်လုပ်ခ ပေါင် ၈၀၀,၀၀၀ ထိပေးပြီး ခေါ်ယူရန် တရုတ်စူပါလိဂ် အသင့်ဖြစ်နေ

အင်္ဂလန်ထိပ်တန်း ကစားသမားများကို တစ်ပတ်လုပ်ခ ပေါင် ၈၀၀,၀၀၀ ထိပေးပြီး ခေါ်ယူရန် တရုတ်စူပါလိဂ် အသင့်ဖြစ်နေ

ဇန်နဝါရီ ရ၊ လန်ဒန်။                   ။ အလုံးစုံပြုပြင်ပြောင်းလဲမှု လုပ်နေသော တရုတ်ဘောလုံးလောကမှ တရုတ်စူပါလိဂ်အသင်းများသည် အင်္ဂလန်ထိပ်တန်း ကစားသမားများကို တစ်ပတ်လုပ်ခ ပေါင် ၈၀၀, ၀၀၀ ထိပေးပြီးခေါ်ယူရန် ပြင်ဆင်နေကြသည်ဟု ဒေးလီးမေးလ်သတင်းတွင် ဖော်ပြထားသည်။

ကစားသမားဘဝနေဝင်ချိန်ရောက်လာသည့် နာမည်ကြီးကစားသမားများစွာကို ခေါ်ယူပြီးဖြစ်သည့် အလွန်ချမ်းသာသော ကလပ်များမှာ ယခုအခါ အင်္ဂလန်ကစားသမားများကို အလိုရှိလာခြင်းဖြစ်သည်။

အကျိုးဆက်အဖြစ် ဒယ်လီ အယ်လီ၊ ဟယ်ရီ ကိန်း၊ ရို့စ် ဘာကလေ၊ ဒါနီရယ် စတာရစ်ချ်တို့ကဲ့သို့သော လူငယ်ကစားသမားများ ကို တရုတ်အသင်းများက ပစ်မှတ်ထားလာကြသည်။

တရုတ်စူပါလိဂ်မှ ကိုယ်စားလှယ်များသည် ၎င်းတို့၏အစီအစဉ်ကို အကောင်ထည်ဖော်ရန် အေးဂျင့်များနှင့် ဆက်သွယ်နေကြပြီ ဖြစ်သည်။

အင်္ဂလန်ကစားသမားများကိုခေါ်ယူခြင်းဖြင့် ပြိုင်ပွဲအပေါ်လူစိတ်ဝင်စားမှုနှင့်ယုံကြည်မှုပိုမိုလာမည်ဟု တရုတ်ကလပ်များက ယူဆ နေကြသည်။

အသက် ၃၀ ကျော်လာသည့် ဝိန်းရွန်နီနှင့် ဂျွန်တယ်ရီကို တရုတ်ကလပ်များကပစ်မှတ်ထားနေဆဲဖြစ်သော်လည်း ယခုအခါ ခြေတက်နေသည့် အင်္ဂလန်ကြယ်ပွင့်ကစားသမားများကိုခေါ်ယူရေးမှာ ပထမဦးစားပေးဖြစ်လာခဲ့သည်။

၎င်းတို့၏လိုအပ်ချက်နှင့်ကိုက်ညီသော မည်သည့်ကစားသမားမှာ တရုတ်တွင်သွားကစားရန်အတွက် ပရီးမီးယားလိဂ်နှင့် ဥရောပ ဘောလုံးလောကအား စွန့်ခွာမည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly