ရှနိုက်ဒါလင်းနှင့် ဒီပေးအတွက် လက်ခံနိုင်သည့် ကမ်းလှမ်းမှု မရှိသေးဟု မော်ရင်ဟိုပြော

ရှနိုက်ဒါလင်းနှင့် ဒီပေးအတွက် လက်ခံနိုင်သည့် ကမ်းလှမ်းမှု မရှိသေးဟု မော်ရင်ဟိုပြော

ဇန်နဝါရီ ရ၊ မန်ချက်စတာ။                       ။ ရှနိုက်ဒါလင်းနှင့် ဒီပေးတို့အတွက် လက်ခံနိုင်လောက်သည့်ကမ်းလှမ်းမှုမရှိသေးကြောင်းနှင့် အနာဂါတ်ကိစ္စကို မဖြေရှင်းနိုင်မခြင်း အသင်းတွင်ရွေးချယ်ခံရမည် မဟုတ်ကြောင်း နည်းပြမော်ရင်ဟို ပြောသည်။

အသက် ၂၇ နှစ်အရွယ် ရှနိုက်ဒါလင်းနှင့်စာချုပ်ကိစ္စအပြီးသတ်နိုင်ရန် အဲဗာတန်ကမျှော်လင့်နေသော်လည်း ယင်းကွင်းလယ် ကစားသမားအတွက် လက်ခံနိုင်လောက်သည့် ကမ်းလှမ်းမှု မရသေးဟု   မော်ရင်ဟိုက ဆိုသည်။

“မှန်ကန်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာရင်တော့ သူတို့နှစ်ယောက်လုံးကို အသင်းပြောင်းခွင့်ပြုမှာပါ။ လက်ရှိအချိန်ထိတော့ မရှိသေးဘူး။ ကစားသမားရဲ့ခြေစွမ်းနဲ့ ထိုက်တန်တဲ့ ကမ်းလှမ်းမှုတွေ မရှိသေးဘူး”ဟု မော်ရင်ဟိုက ပြောသည်။

ရှနိုက်ဒါလင်းအတွက် ဝက်စ်ဘရွန်းအသင်း၏ ကနဦးကမ်းလှမ်းမှု ပေါင် ၁၅ သန်းမှာပယ်ချခံရချိန်တွင် အဲဗာတန်နည်းပြ ရော်နယ် ကိုးမန်းသည် ယင်းပြင်သစ်ကွင်းလယ်ကစားသမားကို ဇန်နဝါရီ ၁၅၊ မန်စီးတီးနှင့် ပရီးမီးယားလိဂ်ပွဲမတိုင်မီ ခေါ်ယူနိုင်ရန် မျှော်လင့်နေသည်။

ဆောက်သမ်တန်ကွင်းလယ် ကစားသမားဟောင်းကို အဲဗာတန်အသင်းက ကျန်းမာရေး စစ်ဆေးလုနီးပါး ရှိနေချိန်တွင် အသင်းငါးသင်းခန့်ကလည်း စိတ်ဝင်စားနေသည်ဟု ဘီဘီစီက ဖော်ပြထားသည်။

ပီအက်စ်ဗွီတောင်ပံ ကစားသမားဟောင်း အသက် ၂၂ နှစ်အရွယ် ဒီပေးကို စိတ်ဝင်စားနေသည့် ဥရောပကလပ်များတွင် အဲဗာတန်အသင်းလည်း ပါဝင်နေသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly