ဂါနာသမ္မတသစ်အဖြစ် အက်ကူဖို အက်ဒို ကျမ်းသစ္စာ ကျိန်ဆို

ဂါနာသမ္မတသစ်အဖြစ် အက်ကူဖို အက်ဒို ကျမ်းသစ္စာ ကျိန်ဆို

ဇန်နဝါရီ ရ ။             ။ ဂါနာနိုင်ငံ၌ ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် လက်ရှိခေါင်းဆောင် ဂျွန် ဒရာမန်နီ မာဟာမာ အားအနိုင်ရထားခဲ့သည့် နန်နာ အက်ကူဖို အက်ဒိုမှာ ယနေ့ ဇန်နဝါရီ ရ ရက်တွင် သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုသွားတော့မည်ဖြစ်သည်။

အသက် ရ၂ နှစ်အရွယ် လူ့အခွင့်အရေးလှုပ်ရှားသူ ရှေ့နေတစ်ဦးဖြစ်သည့် အက်ဒို မှာ မြို့လယ်ခေါင်ရှိ လွတ်လပ်ရေး ရင်ပြင်တွင် ကျင်းပသည့် အခမ်းအနား၌  ဧည့်ပရိသတ်ပေါင်း ၆,၀၀၀ ကျော်နှင့် ပြည်သူများရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။

၎င်း၏ ကျမ်းကျိန်ပွဲ အခမ်းအနားသို့ အာဖရိကနိုင်ငံများမှ အကြီးအကဲ ၁၁ ဦးလည်း တက်ရောက်လာမည်ဟု မျှော်လင့်ရပြီး သမ္မတဟောင်း မာဟာမာအပြင် ယခင်ခေါင်းဆောင်ဟောင်းများဖြစ်သည့် ဂျွန်ရောလင်းစ် နှင့် ဂျွန် ကူဖိုးအာ တို့လည်း တက်ရောက်မည်ဟု ယူဆရသည်။

သမ္မတသစ် ကျမ်းကျိန်စဉ် လုံခြံုရေးကို တင်းကျပ်ထားမည်ဖြစ်ပြီး အဓိကလမ်းများကို ပိတ်ထားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ယခုကဲ့သို့ အက်ကူဖို အက်ဒို ရွေးကောက်ပွဲနိုင်ပြီး ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းမှုကြောင့် ယခင်က မတည်မငြိမ်ဖြစ်ခဲ့သော ဒေသတွင်း တည်ငြိမ်အေးချမ်းသည့် အရွေ့တစ်ခုကို   မြင်တွေ့ရခြင်းလည်း   ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags