ရွေးကောက်ပွဲတွင် ထရမ့်အနိုင်ရရန် ပူတင်က ကြံဆောင်ခဲ့

ရွေးကောက်ပွဲတွင် ထရမ့်အနိုင်ရရန် ပူတင်က ကြံဆောင်ခဲ့

နယူးယောက်၊ ဇန်နဝါရီ ရ ။            ။ သမ္မတရွေးကောက်ပွဲ၌ ဒေါ်နယ်ထရမ့်အနိုင်ရရေးအတွက် ရုရှသမ္မတပူတင်က ကြံဆောင်ခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာက ဖော်ပြသည်။

ရုရှခေါင်းဆောင်ပူတင်က အမေရိကန်၏ ရွေးကောက်ပွဲ၌ ဝင်ရောက်ခြေထိုးမှုများ လုပ်ဆောင်ရန် အမိန့်ပေးခဲ့သည်ဟု ဖွင့်ချလာသည့် အစီရင်ခံစာက ဖော်ပြသည်။

ယခုအစီရင်ခံစာနှင့် ပတ်သက်ကာ ရုရှက ထင်မြင်ချက်ပေးခြင်း မရှိသော်လည်း စွပ်စွဲပြောဆိုမှုများနှင့် ပတ်သက်ကာ ယခင်က ငြင်းထားသည်။

အမေရိကန်ထောက်လှမ်းရေး တွေ့ရှိချက်များကို ယခုကဲ့သို့ ထုတ်ပြန်လာပြီးနောက်တွင် ဒေါ်နယ်ထရမ့်က ရုရှ၏ ရွေးကောက်ပွဲတွင် ဆိုင်ဘာတိုက်ခိုက်မှုများဖြင့် ဝင်ရောက်ခြေထိုးမှုများ မဟုတ်ကြောင်း ပြောဆိုနိုင်ခြင်း မရှိတော့ဘဲ ရွေးကောက်ပွဲရလဒ်က တစ်သီးတစ်သန့်သာဖြစ်ပြီး သက်ရောက်မှု မရှိဟုသာ ပြောနိုင်တော့သည်။

စာမျက်နှာ ၂၅ မျက်နှာပါသော အဆိုပါ အစီရင်ခံစာတွင် ထရမ့်ကို ရုရှက လိုလိုလားလားရှိလွန်းကြောင်းကို ဖော်ပြထားသည်။

ရုရှ၏ ရည်မှန်းချက်မှာ အမေရိကန်ဒီမိုကရေစီ လုပ်ငန်းစဉ်တွင် ပြည်သူများ၏ ယုံကြည်မှုကို ယိုင်နဲ့စေအောင်နှင့် ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန်အပေါ် သိက္ခာချကာ   ရွေးကောက်ပွဲအနိုင်ရနိုင်ခြေကို ဖြိုဖျက်ပစ်ရန်ဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ဖြည့်စွက်ဖော်ပြထားသည်။

“ရုရှသမ္မတဗလာဒီမာပူတင်က အမေရိကန်ရွေးကောက်ပွဲကို ပစ်မှတ်ထားဖို့ အမိန့်ပေးခဲ့တာ ကျွန်တော်တို့ အကဲဖြတ်တွေ့ရှိရပါတယ်။”ဟု အဆိုပါ အစီရင်ခံစာက ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly