ဦးမျိုး​ရန်​​နောင်​သိမ်းအမှု အာမခံလျှောက်ထားမှု ထပ်မံပယ်ချခံရ

ဦးမျိုး​ရန်​​နောင်​သိမ်းအမှု အာမခံလျှောက်ထားမှု ထပ်မံပယ်ချခံရ

ရန်ကုန်၊ဇန်နဝါရီ ၆ ။             ။ ဆက်​သ​ွယ်​​ရေး ဥပ​ဒေပုဒ်​မ ၆၆(ဃ)နှင့် တရားစွဲဆိုခြင်​းခံထားရသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်​ ဗဟိုသု​တေသနလမ်​းညွှန်​အဖွဲ့၏ အတွင်​း​ရေးမှူးဖြစ်​သူ ဦးမျိုး​ရန်​​နောင်​သိမ်​း ၏ အာမခံလျှောက်ထားမှုကို ​ကမာရွတ်​မြို့နယ်​ တရားရုံးက ထပ်မံပယ်ချလိုက်ကြောင်း သိရသည်။

ယင်းအာမခံလျှောက်ထားမှုသည် ၄ ကြိမ်​​မြောက်​ ရုံးချိန်းတွင် ထပ်မံပယ်ချခံရခြင်း ဖြစ်သည်​။

အဆိုပါအမှုကို ရုံးထုတ်​ရာမှာ တရားလိုပြသက်​​သေနှစ်​ဦးဖြစ်​သော လှိုင်​မြို့မရဲစခန်​းမှ စခန်​းမှုး ဦး​ကျော်​​ဇော​ နှင့် အရပ်​သားတစ်​ဦးဖြစ်သော ဦးစန်​းလွင်​တို့ကို တရားသူကြီး​ဒေါ်သန္တာရှင်​က စစ်​​ဆေးခဲ့သည်။

“အမှုကို တရားစွဲချင်လို့ရှိရင်စွဲ၊ ကြိုတင်ခွင့်ပြုချက်လိုတယ်။ ကျွန်တော်တို့ ဆက်သွယ်ရေးဝန်ကြီးဌာနက ကြိုတင်ခွင့်ပြုချက်ကြည့်လိုက်တဲ့အခါကျတော့ အကြောင်းကြားတဲ့စာ။ သူက သေချာကိုရေးထားတာ။ အကြောင်းကြားပါတယ်ပေါ့။ ဒါကို ကျွန်တော်တို့က ကြိုတင်ခွင့်ပြုချက်လည်း မဟုတ်ဘူး။ ဒီဟာ အပြင် ကြိုတင်ခွင့်ပြုချက် ထပ်တောင်းတယ်။ ဒါပေမယ့် တရားရုံးက လက်မခံဘူး။ ဒီအကြောင်းကြားစာကိုပဲ ကြိုတင်ခွင့်ပြုချက် ဖြစ်တယ်လို့ပဲ မှတ်ယူတယ်။ ပြီးတော့ ကျွန်တော်တို့ လျှောက်ထားတာကို ပယ်ချလိုက်တယ်”ဟု တရားလွှတ်​​တော် ရှေ့နေ ​ဦး​ကျော်​ဟိုးက အာမခံ​လျှောက်​ထားခြင်း ပယ်ချခံရမှုနှင့် ပတ်သက်ပြီး မဇ္စျိမကို ပြောသည်။

​နောက်​တစ်ကြိမ်ရုံးချိန်းအဖြစ် ​ ဇန်​နဝါရီလ (၁၀) ရက်​​နေ့ကို ထပ်​မံချိန်းဆိုခဲ့ပြီး ယနေ့ ရုံးချိန်းသို့   အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ် နာယကဖြစ်​သူ ဦးတင်​ဦး လာ​ရောက်တွှေ့ဆုံ​ခဲ့သည်။

ဦးမျိုးရန်​​နောင်​သိမ်းသည်  တပ်​မ​တော်​ကာကွယ်​​ရေးဦးစီးချုပ်​ကို ဂုဏ်​သိက္ခာ ကျဆင်​း​စေပြီး အသရေပျက်​​စေမည့် စကားများကို လူမှုကွန်​ရက်​တွင် ရေးသားခဲ့သည်ဟုဆိုကာ တရားစွဲဆိုခံ ထားရခြင်းဖြစ်သည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly