ဆီးရီးယားရှိ ရုရှစစ်အင်အားကို စတင်လျှော့ချ

ဆီးရီးယားရှိ ရုရှစစ်အင်အားကို စတင်လျှော့ချ

ဒမတ်စကပ်၊ ဇန်နဝါရီ ၆ ။                ။ ဆီးရီးယားအစိုးရတပ်က ဒမတ်စကပ်မြို့တော်အတွက် ရေထောက်ပ့ံရာ အဓိကနေရာ သူပုန်လက်ကျရောက်နေခြင်းကို အပြင်းအထန်ဗုံးကြဲတိုက်ခိုက်မှုများ ဆင်နွှဲနေစဉ် ရုရှစစ်တပ်က ဆီးရီးယားရှိ ၎င်း၏တပ်အင်အားကို စတင်လျှော့ချပြီဖြစ်ကြောင်း ဇန်နဝါရီ ၆ ရက်၌ ပြောသည်။

ဆီးရီးယားအရေးတွင် ၂၀၁၅ စက်တင်ဘာလမှစ၍ ရုရှ၏ ကြားဝင်လာမှုဖြင့် သမ္မတအာဆတ်က တစ်ပန်းသာလာခဲ့ပြီး အတိုက်အခံတို့၏ အမာခံနယ်မြေဖြစ်သော အလီပိုအရှေ့ပိုင်းကို   ပြန်လည်သိမ်းပိုက်နိုင်ခြင်းနှင့်အတူ ပြီးခဲ့သည့်လအတွင်း အဓိကတိုက်ပွဲများတွင် အောင်မြင်မှုရခဲ့သည်။

ဆီးရီးယား၏ မဟာမိတ် အီရန်နှင့် သူပုန်တို့ဖက်ကဖြစ်သော တူရကီတို့နှင့်အတူ ရုရှနိုင်ငံက ငြိမ်းချမ်းရေးဆွေးနွေးပွဲများအား ယခုလနောက်ပိုင်း၌ ကာဇက်စတန်တွင် ကျင်းပနိုင်ရန် တွန်းအားပေးလျက်လည်းရှိသည်။

သို့သော်လည်း ဗုံးကြဲတိုက်ခိုက်မှုများအပါအဝင် တိုက်ပွဲများ အရှိန်မြင့်ဖြစ်ပွားနေခြင်းက သီတင်းပတ်ကြာ တစ်နိုင်ငံလုံးအပစ်ရပ်ရေးကို ယိုယွင်းသွားစေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက်လည်း သံသယများဖြစ်ထွန်းနေစေသည်။

စီစဉ်စိုင်းပြင်းလျက်ရှိသည့် ဆွေးနွေးပွဲများဖြင့် လူပေါင်း ၃၁၀၀၀၀ ကျော်ထက်မနည်း သေဆုံးကာ သန်းပေါင်းများစွာ နေရပ်စွန့်ပြေးရသည့် ခြောက်နှစ်ကြာပဋိပက္ခများ အဆုံးသတ်သွားရေးကို ရည်သန်ထားခြင်းလည်းဖြစ်ည်။

ရုရှသမ္မတ ဗလာဒီမာပူတင် ဒီဇင်ဘာ ၂၉ ရက်က ထုတ်ပြန်သော အမိန့်အရ ပထမဆုံးအနေဖြင့် လေယာဉ်တင်သင်္ဘော Admiral Kuznetsov ဦးဆောင်သည့် ရေတပ်တပ်ရင်းအား ဦးဆုံးရုပ်သိမ်းမည်ဖြစ်ကြောင်း ရုရှစစ်တပ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly