မောင်တော၊ နတ်မြစ်အတွင်း WY ဆေးပြားတစ်သိန်း ဖမ်းဆီးရမိ

မောင်တော၊ နတ်မြစ်အတွင်း WY ဆေးပြားတစ်သိန်း ဖမ်းဆီးရမိ
ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး

ဇန်နဝါရီ ၆ ။              ။ မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း၌ လက်ခတ်လောင်းလှေ ၁စီးပေါ်မှ WY ဆေးပြားအရေအတွက် တစ်သိန်းအား ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်ဟု   နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သည်။

ဇန်နဝါရီ ၆ရက် နံနက် ၄နာရီခွဲတွင် တက်ချောင်းဝအနီး၌ တစ်ဖက်နိုင်ငံသို့ လှော်ခတ်နေသော မသင်္ကာဖွယ် လက်ခတ်လောင်းလှေ ၁စီးအားတွေ့ရှိ၍ လိုက်လံဖမ်းဆီးရာ လှေပေါ် ပါသူများ ထွက်ပြေးသွားပြီး လောင်းလှေအတွင်းမှ အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့်် ထုပ်ထားသော အထုပ် ၁ထုပ်ကို သိမ်းဆည်းရမိခဲ့သည်။

WY ဆေးပြား ၁ဝဝဝဝဝ ခန့် ရှာဖွေတွေ့ရှိခဲ့ပြီး တန်ဖိုး ကျပ် သိန်း ၂၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်တွင်လည်း ရခိုင်ပြည်နယ်၊ မေယုကျွန်းအနောက်ဘက်တွင် စက်လှေတစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက် ၄၃ သိန်း ဖမ်းဆီးရမိသည်ဟု   နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန် ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly