ဗင်နီဇွဲလားရဟတ်ယာဉ်ပျက်ကျမှုတွင် အသက်ရှင်ကျန်ရစ်သူများကို ခြောက်ရက်အကြာ၌ ကယ်ဆယ်နိုင်ခဲ့

ဗင်နီဇွဲလားရဟတ်ယာဉ်ပျက်ကျမှုတွင် အသက်ရှင်ကျန်ရစ်သူများကို ခြောက်ရက်အကြာ၌ ကယ်ဆယ်နိုင်ခဲ့

ဗင်နီဇွဲလားမှ လာသောသတင်းများအရ ရှာဖွေရေးအဖွဲ့များဟာ နိုင်ငံရဲ့အမေဇုံဒေသမှာ ပျက်ကျခဲ့သောစစ်ဖက် ရဟတ်ယာဉ်ထဲတွင် ပါသွားခဲ့သည့် အသက်ရှင်ကျန်ရစ်သူများကို ပျက်ကျပြီး   ခြောက်ရက်အကြာတွင်  ပြန်လည် ရှာတွေ့ခဲ့ပြီဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော ကြာသာပတေးနေ့က ပျောက်ဆုံးသွားခဲ့သည့် Mi-17V-5 စစ်ဖက်ရဟတ်ယာဉ်ပေါ်၌ အရပ်သားများ အပါအဝင်လူပေါင်း ၁၃ဦး လိုက်ပါ စီးနင်းခဲ့သည်။

ဗင်နီဇွဲလား၏ El Nacional သတင်းစာအရ အသက်ရှင်ကျန်ရစ်သော စစ်မှုထမ်းများကို အမေဇုန်ပြည်နယ်မြို့ တော် Puerto Ayachucho သို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖြစ်ရပ်တွင် လိုက်ပါခဲ့သည့် အရပ်သားခရီးသည်များ အသက်ရှင်ကျန်ရစ်သလားဆိုတာကို ရှင်းရှင်းလင်းလင်း မဖော်ပြခဲ့ကြောင်း သိရသည်။

အမေဇုန်ပြည်နယ်အုပ်ချုပ်ရေးမှူး Liborio Guarulla က တွစ်တာပေါ်၌ ရဟတ်ယာဉ်ကို ဒေသခံ Yecuana လူ မျိုးစုနွယ်ဝင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း ရေးသားခဲ့သည်။ ရဟတ်ယာဉ်ကို ဗင်နီဇွဲလားနိုင်ငံတောင်ပိုင်းရှိ တောင်စောင်းပေါ်တွင်ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သူက ထပ်လောင်းပြောကြားခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly