တပ်မတော်၏ တုုိက်ခိုက်မှု အမြန်ဆုံုး ရပ်တန့်ရန် ထုုိင်းရောက် ကချင်တုုိင်းရင်းသားများ ထပ်မံ ဆန္ဒဖော်ထုုတ်

တပ်မတော်၏ တုုိက်ခိုက်မှု အမြန်ဆုံုး ရပ်တန့်ရန် ထုုိင်းရောက် ကချင်တုုိင်းရင်းသားများ ထပ်မံ ဆန္ဒဖော်ထုုတ်

ချင်းမုုိင်၊ဇန်နဝါရီလ ၅ ။               ။ ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်မှ စခန်းသိမ်းတုုိက်ပွဲများ အားလုံုး ချက်ချင်း ရပ်တန့်ရန်၊ ပျောက်ဆုံုးနေသည့် ဘာသာရေးဆရာ နှစ်ဦးအား အစုုိးရမှ အမြန်ဆုံုး စုံုစမ်းဖော်ထုုတ်ပေးရန်နှင့် ဇုုိင်းအောင် ဒုုက္ခသည်များအား ကူညီထောက်ပံ့ပေးရန် ထုုိင်းနုုိင်ငံရောက် ကချင်တုုိင်းရင်းသားများ ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံုးရှေ့တွင် ဇန်နဝါရီလ ၅ ရက်က ဆန္ဒဖော်ထုုတ်ခဲ့သည်။

ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ လုုိင်ဖောင်တပ်စခန်းအား တပ်မတော်မှ သိမ်းယူခဲ့ပြီးနောက် ၄င်းစခန်းအနီးရှိ ဇုုိင်းအောင် ဒုုက္ခသည်များ ထပ်မံ ပြောင်းရွှေ့ခံနေရမှုသည့် အခက်အခဲများ သိရှိစေရန် ရည်ရွယ်၍ လာရောက် ဆန္ဒဖော်ထုုတ်ရခြင်း ဖြစ်သည်ဟုု ဆန္ဒဖော်ထုုတ်ပွဲ ဦးဆောင်သူများက ပြောသည်။

“စစ်တပ်ကနေ ကချင်ပြည်နယ်မှာရှိတဲ့ ပြည်သူပြည်သားတွေ၊ ရှမ်းပြည်မြောက်ပုုိင်းမှာရှိတဲ့ ကျွန်တော်တိုု့ ညီအစ်ကုုိ မောင်နှမတွေ အပေါ်မှာ ဒီလုုိ စစ်တုုိက်ပြီး KIA တပ်ကုုိ လေယာဉ်နဲ့ တုုိက်တဲ့အတွက် အင်မတန်မှ ဒုုက္ခရောက်နေပါတယ်။ အဲဒါကုုိ ကျွန်တော်တုု့ိ ဆန္ဒအရ မလုုိလားပါဘူး။ အဲဒါကြောင့်မုုိ့ မြန်မာစစ်တပ်က ဒါကုုိ ရပ်တန့်ပေးဖိုု့၊ ဒုုက္ခသည်စခန်းတွေကုုိလည်း လက်နက်ကြီးကျတဲ့အတွက် ကြောက်ပြီး ဒုုက္ခသည်တွေ ထွက်ပြေးတဲ့အခါ တရုတ်ကလည်း လက်မခံဘူး။ ဒီလုုိဟာတွေ မြင်တဲ့အခါမှာ အဝေးရောက်နေတဲ့ ကချင်မိသားစုုတွေလည်း ဝမ်းနည်းတယ်။ ဒီထက်မက ဒုုက္ခသည်တွေကုုိ ပြည်ပရပ်ခြားတွေကနေ အကူအညီတွေကုုိ တားမြစ်ခြင်း မပြုဖုုိ့၊ စားဝတ်နေရေး၊ ဆေးဝါး အလုံုးစုံုကုုိ အမှန်တကယ် ပြည့်စွက်ပေးနုုိင်ဖိုု့ အစုုိးရကို တောင်းဆုုိချင်ပါတယ်”ဟုု ပြောရေးဆုုိခွင့်ရှိသူ ဆရာဂျုံဘုုိင်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုုနှစ် ဒီဇင်ဘာလ ၂၄ ရက်ညက မြန်မာ့တပ်မတော်၏ မုံုးကုုိးဗျူဟာကုုန်းအနီး ပျောက်ဆုံုးသွားသော မုံုးကုုိးဒေသခံ ကချင်သင်းအုုပ်ဆရာ တစ်ပါးနှင့် သင်းထောက်ဆရာ တစ်ပါးတုုိ့ ပျောက်ဆုံုးနေမှုအပေါ် အစုုိးရမှ စုံစမ်းစစ်ဆေး ဖော်ထုုတ်ပေးရန် တောင်းဆုုိလုုိက်သည်။

တစ်နာရီကြာ ဆန္ဒဖော်ထုုတ်မှုတွင် မြန်မာအစုုိးရ စစ်တပ်၏ ထုုိးစစ်နှင့် ကချင်ဒုုက္ခသည်များအား ထပ်မံ ဒုုက္ခရောက်နေမှုအပေါ် ထုုိင်းနုုိင်ငံရောက် ကချင်လူထုု၏ သဘောထားများ ဖတ်ကြားခြင်းများ ပြုလုုပ်၍ မြန်မာကောင်စစ်ဝန်အား ၄င်းတုု့ိ တောင်းဆုုိထားသော သဘောထားထုုတ်ပြန်ချက် လက်ခံပေးရန် တောင်းဆုုိခဲ့သော်လည်း လာရောက် လက်ခံခြင်း မရှိခဲ့သဖြင့် စာတုုိက်တွင် ထည့်သွင်းခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုုနှစ် အောက်တုုိဘာလ ၁၀ ရက်နေ့ကလည်း ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့မှ ကချင်တုုိင်းရင်းသားများက ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်မှ ထုုိးစစ်ဆင်မှုများ ရပ်တန့်ပေးရန်နှင့် တပ်မတော်၏ ပစ်ခတ်မှုကြောင့် သေဆုံုးခဲ့ရသော အသက် ၂ နှစ်အရွယ်ကလေးငယ်အတွက် အစုုိးရမှ တာဝန်ယူဖြေရှင်းပေးရန် အပါအဝင် ဆန္ဒဖော်ထုုတ် တောင်းဆိုုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly