ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးအသင်းတွင် ပရီးမီးယားလိဂ် ကစားသမားတစ်ဦးမှ ပါဝင်ခြင်းမရှိ

ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးအသင်းတွင် ပရီးမီးယားလိဂ် ကစားသမားတစ်ဦးမှ ပါဝင်ခြင်းမရှိ

ဇန်နဝါရီ ၆၊ နီယွန်။              ။ ၂၀၁၆ ခုနှစ်အတွက် ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးအသင်းတွင် ပရီးမီးယားလိဂ် ကစားသမားတစ်ဦးမှ ပါဝင်လာခြင်း မရှိပေ။

ယူအီးအက်ဖ်အေဝက်ဘ်ဆိုက် အသုံးပြုသူပရိသတ်များက ရွေးချယ်သည့် အကောင်းဆုံး ၁၁ ဦးစာရင်းတွင် ရှေ့တန်း၌ မက်ဆီ၊ စီရော်နယ်ဒိုနှင့် ဂရစ်ဇ်မန်းတို့ ပါဝင်နေပြီး လာလီဂါထိပ်သီး ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာကစားသမားများသာ လွှမ်းမိုးထားသည်။

စပိန်လာလီဂါမှ ကစားသမားရှစ်ဦးထိ ရွေးချယ်ခံခဲ့ရရာတွင် ရီးယဲလ်နှင့် ဘာစီလိုနာမှ ရာမို့စ်နှင့် ပီကေးတို့မှာ နောက်တန်းတွင် ပါဝင်နေသည်။

တိုက်စစ်ကဲ့သို့ပင် ကွင်းလယ်တွင်လည်း စပိန်မြေတွင်ခြေစွမ်းပြနေသည့် ရီးယဲလ်မှ တိုနီခရူးစ်၊ မိုဒရစ်အတွဲနှင့် ဘာစီလိုနာမှ အင်နီယေစတာတို့ပါဝင်သည်။

ဂိုးသမားနေရာနှင့် နောက်တန်းတစ်နေရာတွင် အီတလီနှင့်ဂျူဗင်တပ်ကစားသမားများဖြစ်သည့် ဘတ်ဖွန်နှင့် ဘိုနုချီတို့ပါဝင်နေပြီး ဘိုင်ယန်မြူးနစ်မှ ဘိုတန်မှာ တစ်ဦးတည်းသော ဘွန်ဒက်စ်လီဂါကစားသမားအဖြစ် ပါဝင်နေသည်။

ပရီးမီးယားလိဂ်တွင် ဟက်ဇက်၊ ဆန်းချက်ဇ်၊ ပေါ့ဂ်ဘာနှင့် အဂူရိုတို့ကဲ့သို့သော ကစားသမားများရှိနေသော်လည်း လူကြိုက်များမှု တွင်မူ လာလီဂါကစားသမားများကို လိုက်မီခဲ့ခြင်းမရှိပေ။

ရာမို့စ်သည် ဆန္ဒမဲ ၄၈၈, ၀၀၀ ရရှိခဲ့ပြီး ရ၅ ရာခိုင်နှုန်းဖြင့်အများဆုံးဖြစ်ခဲ့ကာ ရီးယဲလ်အသင်းဖော်စီရော်နယ်ဒိုမှာ မဲ ၆၉ ရာခိုင်နှုန်း ရရှိခဲ့သည်။

မက်ဆီမှာ ဆန္ဒမဲ ၄၁၈, ၄၄၉ ရရှိခဲ့ပြီး ၆၄ ရာခိုင်နှုန်းဖြင့် တတိယနေရာရှိနေခဲ့သည်။ မဲပေးသူစုစုပေါင်း ရ ဒသမ ၁ သန်း၏ ၄၈ ရာခိုင်နှုန်းမှာ ဥရောပ၊ ၂၅ ရာခိုင်နှုန်းမှာ အာရှမှဖြစ်ပြီး ကိုးရာခိုင်နှုန်းမှာ အမေရိကမှဖြစ်သည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly