ရခိုင်ပြည်နယ်အတွင်း အိုင်အက်စ်အဖွဲ့မှ တိုက်ခိုက်နိုင်သည်ဆိုသော သတင်းထွက်ပေါ်ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြံုရေး ပိုမိုတိုးမြှင့်

ရခိုင်ပြည်နယ်အတွင်း အိုင်အက်စ်အဖွဲ့မှ တိုက်ခိုက်နိုင်သည်ဆိုသော သတင်းထွက်ပေါ်ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြံုရေး ပိုမိုတိုးမြှင့်
 

ဇန်နဝါရီ ၅ ။              ။  မြန်မာနိုင်ငံသို့ IS အဖွဲ့မှ တိုက်ခိုက်နိုင်ကြောင်း မလေးရှားရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အပေါ် ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြံုရေးပိုမိုတိုးမြှင့်ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂)လုံခြံုရေးကွပ်ကဲမှုအဖွဲ့ရုံးမှ  ဒုရဲမှူးကြီးမင်းဇော်ဦးက ယနေ့ မဇ္ဈိမသို့ ပြောသည်။

 “ရန်ကုန်မြို့ပေါ်မှာ ရဲတပ်ဖွဲ့ခွဲ ၆ ခုနဲ့ ကျွန်တော်တို့ လုံခြံုရေးဆောင်ရွက်နေပါတယ်။ ဒီသတင်းရရှိမှုနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ လုံခြံုရေးကို တိုးမြှင့်ဆောင်ရွက်နေပါတယ်” ဟု ဒုရဲမှူးကြီးမင်းဇော်ဦးက ပြောသည်။

ပုံမှန်အားဖြင့်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း အရေးကြီးနေရာများတွင် လုံခြံုရေးတိုးမြှင့်ထားသည်ဟု ၄င်းက ထပ်မံပြောသည်။

မြန်မာနိုင်ငံသို့ လာရောက်ကာ အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် စီစဉ်နေသည်ဆိုသော သံသယရှိ အိုင်အက်စ်ထောက်ခံသူတစ်ဦးအား မလေးရှားအာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း စီအင်န်အေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

" ဒီလူက မြန်မာနိုင်ငံမှာ တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်နေတဲ့သူပါ၊ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေအတွက် တိုက်ခိုက်ပေးလိုနေသူပါ" ဟု မလေးရှား အကြမ်းဖက်မှုနှိမ်နင်းရေးရဲဌာနအကြီးအကဲ Ayob Khan Mydin Pitchay က က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags