လာမည့်နှစ်ရက်အတွင်း မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်လာနိုင်

လာမည့်နှစ်ရက်အတွင်း မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်လာနိုင်
Phot-ဦးထွန်းလွင်ဖေ့ဘုတ်
 

“ ဘင်္ဂလားပင်လယ်အော်ထဲက လေဖိအားနည်းရပ်ဝန်းရဲ့ ရှေ့အလားအလာမုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်ပါတယ် ” လို့ ဆရာကြီး ဒေါက်တာဦးထွန်းလွင်က ဒီနေ့ ညနေပိုင်းက သုံးသပ်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး ဇန်နဝါရီလ ရ ရက်နေ့မှာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိလာပြီး ကပ္ပလီကျွန်းစုရဲ့ အနောက်ဖက်ရေပြင်မှာ ဗဟိုပြုနေနိုင်ပါတယ်။ မုန်တိုင်းငယ်ဟာ ဇန်နဝါရီ ၉ ရက်နေ့အထိ အနောက်မြောက်ဖက်ကိုရွေ့လာနေရာမှ ဇန်နဝါရီ ၁၀ ရက်နေ့တွင် လမ်းကြောင်းပြောင်းကာ   အရှေ့မြောက်ဖက်သို့ ရွေ့လျားလာမည်ဟု ခန့်မှန်းရပါတယ် လို့ ပြောထားပါတယ်။

ဇန်နဝါရီ ၁၁ ရက်၊ ညနေပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဖြစ်အားပျာ့လာပြီးနောက် မြန်မာနိုင်ငံအနောက် ဖက်ကမ်းခြေများကို ၀င်ရောက်ဖွယ်ရာရှိနေပါတယ်လို့ သတိပေးထားပြီး ယနေ့ နေ့လည် (၁၂း၃၀)နာရီအချိန်တိုင်းတာချက်တွေ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly